ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၏ (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၁ခုနှစ် အောက်တိုဘာလ ၂၆ရက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက်သာမက နှစ်ပေါင်း(၆၀)ကျော် ကြာ ပြည်တွင်းရေးပဋိပက္ခကို အဆုံးသတ်စေမည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားလာရေးအတွက် တစိုက်မတ်မတ်ရပ်တည်ဆောင်ရွက်နေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (Shan Nationalities League for Democracy - SNLD) ၏ ယနေ့ကျရောက်သည့် (၃၃) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဒူဝါလရှီးလ

ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ