အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၈/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

      အမျိုးသားညီညွတ်ရေးအစိုးရ

       https://nugmyanmar.org

အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၈/၂၀၂၁)

၁၆ အောက်တိုဘာလ ၂၀၂၁ခုနှစ်

၁။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ ( National Unity Government - NUG Myanmar ) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့အား ထောက်ခံအားပေးရေးအဆိုကို အတည်ပြုပေးခဲ့သည့် ဥရောပပါလီမန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည့် ပြင်သစ်အထက်လွှတ်တော်တို့ကို  အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးမှတ်တမ်း တင်အပ်ပါသည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ သို့ အခွန်ထမ်းဆောင်လိုသည့် ပြည်သူများအနေဖြင့် ird.nug-mm.net မှတဆင့် အခွန် ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အသိပေးအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ၏ ပြည်တွင်းအခွန်များဦးစီးဌာန လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/IRDMOPFI တွင်လည်း အခွန်ဆောင်ခြင်းနှင့်ပတ်သက်သော သိရှိလိုသည်များကို လေ့လာနိုင်ပါသည်။ 

၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘာသာရပ်ဆိုင်ရာ ကော်မတီအစည်းအဝေးများတွင်  မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးကိစ္စများကို ဝင်ရောက်ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးချက်များကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ လူမှုကွန်ယက်စာမျက်နှာ  https://www.facebook.com/Myanmarmisson တွင် ဖော်ပြထားပါသည်။

၄။ ပြည်သူ့ခုခံစစ်များ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိပြီး သတင်းအချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/modNUG နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/mohaimyanmar များတွင် နေ့စဉ်စုစည်းဖော်ပြလျက်ရှိပါသည်။ 

၅။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲများအတွင်း ရဲရင့်စွာ တိုက်ပွဲဝင်သွားကြသော ကျဆုံးသူရဲကောင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူလျက်ရှိပြီး ကျဆုံးတိုက်ပွဲဝင်သူရဲကောင်းများ၏ အချက်အလက်များကို အောက်ပါ Form တွင် ယုံကြည်စိတ်ချစွာ ဖြည့်စွက်နိုင်ပါသည်။  https://forms.gle/7NoT9SZuvcwJXa9y7