ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

၂၂ စက်တင်ဘာ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် ယမန်နေ့ နံနက် နယူးယောက် စံတော်ချိန် (၁၁း၃၀) နာရီအချိန် တွင် The Elders ဥက္ကဋ္ဌ  အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊  မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား  နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။