ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန - သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၁၃  )ရက်

၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ည(၉း၃၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော မောင်မြင့်မြတ်ဦး (အသက် ၁၇ နှစ်) (အဘ- ဦးကျော်မင်းစိုး) သည် စိုင်နိုင်ကြီးကျေးရွာ၊ သင်္ချိုင်းအနီးတွင် လည်ပင်းပြတ်ရှဒါဏ်ရာ၊ ဝဲနဖူး ပြတ်ရှဒါဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒါဏ်ရာ၊ ညာဘက် လက်မောင်းထိုးသွင်းပေါက်ထွက် ဒါဏ်ရာများဖြင့်သေဆုံးနေကြောင်းတွေ့ရှိခဲ့သဖြင့် ဖခင် ဖြစ်သူမှ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။

၂။ ထိုသို့တိုင်တန်းချက်အပေါ် ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ (ပ)၁၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး၊ တရားလိုစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းများကို ပြည်သူ့ရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။ 

၃။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မောင်မြင့်မြတ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံ အမြန်ဆုံးပေါ်ပေါက်ပြီး၊ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ အနေဖြင့်လည်း တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးခြင်း အပါအဝင် မိမိတို့ဝန်ကြီးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန