ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက အပြန်အလှန် မိတ်ဆက်ပြီးနောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့် က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ 

ထို့နောက် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း က အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနှင့် ကြားကာလတိုင်းဒေသကြီးအတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ခဲ့သည်။ ဆက်လက်၍  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်၊ ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ သဘောထားစုစည်းချက်တို့အား တင်ပြခဲ့သည်။ ဝန်ကြီးဌာန ၏ ရှင်းလင်းတင်ပြမှုများအပေါ် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး မေးမြန်း အကြံပြုခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် များ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူး ၊ အတွင်းဝန်နှင့် ရုံးအဖွဲ့များ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးဌာန