ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့ နှင့် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့ နှင့် စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ဩဂုတ် ၁၅ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အတွင်းရေးမှူးအဖွဲ့ နှင့် စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လည် ၂:၀၀နာရီအချိန်တွင် zoom platform မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲတွင် စစ်ကိုင်းပြည်နယ်(ဖက်ဒရယ်ယူနစ်)ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဖက်မှ တင်ပြဆွေးနွေးခဲ့ပြီး FSCC အတွင်းရေးမှူးအဖွဲ့မှလည်း လိုအပ်သည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် အချိန်တစ်နာရီခွဲကြာကြာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ၄:၃၀နာရီတွင် တွေ့ဆုံပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။