သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၁)

၁။  အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ထီစနစ်ဖြစ်တဲ့ "အောင်လံလွှင့်ချီ နွေဦးထီ" ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။ “အောင်လံလွှင့်ချီ နွေဦးထီ” ကို တရားဝင်လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/nuglottery  မှတဆင့် ဝယ်ယူနိုင်ပါသည်။ ထီထိုးသော ငွေများထဲမှ ၇၀ ရာခိုင်နှုန်းကို CDM များအား ထောက်ပံ့ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအား ဆုကြေးငွေတွေအဖြစ် ထီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ထီပေါက်သူများက ဆုကြေးငွေကို ပြန်လည်လှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်ကဏ္ဍ၏ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်းနှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂ လစာ ချေးငွေများ ပြန်လည်တောင်းခံခြင်းတို့ကို ကျူးလွန်နေသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ (၆၉) ဦးအားအမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ၄င်းတို့အားလုံးကို နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (dismiss) ပြီး ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၁)၁ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမျိုးသားကျန်းမာရေးညီလာခံ၏ ရလဒ်အဖြစ် အမျိုးသားကျန်းမာရေး ကော်မတီ (National Health Committee) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ဖွဲ့စည်းပြီး အမျိုးသားကျန်းမာရေးကော်မတီက ကြေညာချက်အမှတ် (၁/ လိုက်သည်။ အဆိုပါ အမျိုးသားကျန်းမာရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖဒိုမန်းမန်း၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် ဒေါက်တာဇော်ဝေစိုး၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် ခူးပလူးရယ်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ်စောနေထူး၊ တွဲဘက်အတွင်းရေးမှူး ၂ အဖြစ် နန်းစနိုး တို့ပါဝင်ပြီး အဖွဲ့ဝင် (၁၇) ဦးပါဝင်ပါဝင်ပါသည်။ အတိုင်ပင်ခံ ၁၀ ဦး ပါဝင်သည်။ အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ ရည်ရွယ်ချက်များမှာ 

(က) ဖက်ဒရယ် ပြည်ထောင်စု ကျန်းမာရေး မူဝါဒ (National Health Policy) ရေးဆွဲချမှတ်သွားရန်၊ 

(ခ) တိုင်းရင်းသားနယ်မြေ/ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်စပ်ဆောင်ရွက်ပေးရန်၊

(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊

(ဃ) ဘေးဒဏ်ကပ်ဆိုး အန္တရာယ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို အသင့်ပြင်ဆင်မှု ရှိရန်၊ လျင်မြန်စွာ တုန့်ပြန်နိုင်ရန် တို့ဖြစ်ပါသည်။ 

အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ လုပ်ငန်းစဉ်များမှာ 

(က)ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒအပေါ် အခြေခံပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်၊ 

(ခ) ကျန်းမာရေးသတင်းအချက်အလက် ပြုစုရေးစနစ်ကို ပိုမိုကောင်းမွန်လာရေး အဆင့်မြင်တင်ရန်၊  

(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နည်းဗျုဟာများ ချမှတ်ကျင့်သုံးရန်၊

(ဃ) ဆေးပညာသင်တန်းများ ပို့ချနိုင်ရေးနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊

(င) Covid 19 ရောဂါထိန်းချုပ်ရေး လျှော့ချရေးတို့နှင့် စပ်လျဉ်း၍ နည်းဗျုဟာများ ချမှတ်ဆောင်ရွက်သွားရန် 

၄။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တွင် ဖြစ်ပွားခဲ့သော မြေပြို၊ ရေဘေး ကြောင့် ထိခိုက်ခံခဲ့ရပြီး ထောက်ပံ့မှုလိုအပ်နေသော ပြည်သူများအတွက် ငွေကျပ် ၁၀သိန်း ကို ၁၃.၀၈.၂၀၂၁တွင် ပေးပို့ထောက်ပံ့ခဲ့ပါသည်။ ထို့အတူ ရေဘေးသင့်ခဲ့ရသော ကချင်ပြည်နယ် မဂါ့ယန် စစ်ရှောင်စခန်းအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်၁၈သိန်း၊ မြေပြိုမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောမိသားစုအတွက် ငွေကျပ် ၁သိန်း နှင့် ဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့ခြင်းများအတွက် ငွေကျပ် ၅သိန်း စုစုပေါင်း ငွေကျပ်၂၄သိန်းကို ၁၅.၀၈.၂၀၂၁တွင် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အကျဉ်းသားများနှင့် ၄င်းတို့မိသားစုများအတွက်လိုအပ်ချက်များကို လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးနိုင်ရန် ငွေကျပ် ၁၅သိန်း ကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

၅။ ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/170686425151997

၂။ https://www.facebook.com/NUGmyanmar/posts/171327885087851