ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပုံမှန်အစည်းအဝေး (၂/၂၀၂၄)

ဇန်နဝါရီလ ၁၅၊ ၂၀၂၄

 ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန်အစည်းအဝေး (၂/၂၀၂၄) ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများမှ ပုံမှန်လုပ်ဆောင်ချက်များကို တင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရှေ့ဆက်လုပ်ငန်းအတွက် လမ်းညွှန်မှုများ ညွှန်ကြားပေးခဲ့ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနသည် ဌာနအတွင်း ပုံမှန်အစည်းဝေးကို တပတ်တကြိမ် ပုံမှန်ကျင်းပပြုလုပ်လျှက်ရှိပါသည်။