ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိ

တောင်ကိုရီးယား သမ္မတနိုင်ငံ Asia Center - Seoul National Universityတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၁) ရက်သောကြာနေ့၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အထူးဖိတ်ကြားခံရသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည့် ယနေ့ ကိုရီးယား စံတော်ချိန် နံနက် (၉)နာရီ (၄၅)မိနစ် အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံသို့   ရောက်ရှိလာခဲ့ပါသည်။

ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အဖွဲ့က ခရီးဦးကြိုဆိုခဲ့ကြပြီး ၊ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့်အတူ ချင်းတိုင်းရင်း

သားများအဖွဲ့ကလည်း လှိုက်လှဲ ပျူငှာစွာဖြင့် ကြိုဆို နှုတ်ဆက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် တောင်ကိုရီးယားနိုင်ငံတွင် ရက်သတ္တပတ် တစ်ပတ်ကြာ နေထိုင်ပြီး ကိုရီးယားသမ္မတနိုင်ငံအစိုးရ အာဏာပိုင်

အဖွဲ့အစည်းများ၊ ကိုရီးယားအစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများ၊ ကိုရီးယားနိုင်ငံရောက် ချင်းတိုင်းရင်းသားနှင့်အတူ မြန်မာနိုင်ငံသား မိသားစုများနှင့်လည်း တွေ့ဆုံသွားရန် အစီစဉ်ရှိကြောင်းသိရှိရပါသည်။  

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲစည်းပြီးနောက် ကိုရီးယား သမ္မတနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် (NUG)အစိုးရ၏ ပြည်ထောင်စုဝန်ကြီးဖြစ်ပါသည်။