NUGဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် မြန်မာ့အရေး နိုင်ငံတကာ ဆွေးနွေးပွဲသို့ တက်ရောက်

(21/October/2022)
NUGအစိုးရ၏ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်တက္ကသိုလ် အာရှလေ့လာရေးစင်တာ အရှေ့တောင်အာရှဌာနခွဲမှ Spring Revolution and Myanmar’s Long Road Toward National Unity ခေါင်းစဉ်ဖြင့် ကျင်းပသော မြန်မာ့အရေး နိုင်ငံတကာဆွေးနွေပွဲသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါပွဲသို့ နိုင်ငံတကာနှင့် ကိုရီးယားပြည်တွင်းမှ မြန်မာ့အရေး အထူးပြုလေ့လာသူ ပညာရှင်များလည်း တက်ရောက်ကြပြီး၊မြန်မာနိုင်ငံ၏ လက်ရှိအခြေနေနှင့် အနာဂတ်အလားလာကို ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ် ဆွေးနွေး အကြံပြု တင်ပြခဲ့ကြသည်။ 

NUG ၏ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံလွပ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပွားနေသည့် နှစ်ပေါင်း (၇၀)ကြာ လက်နက်ကိုင် ပဋိပက္ခ၏ အကြောင်းရင်းများ၊ ဖယ်ဒရယ်စနစ်သည် မည်သည့်

အတွက်ကြောင့် တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံအတွက် လိုအပ်သနည်းစသည်တို့အပြင်

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုး

သားညီညွတ်ရေးအတိုင်ပင်ကောင်စီ(NUCC)တို့၏ နိုင်ငံရေးမျှော်ရည်မှန်းချက်များကို တင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းလာသည်များကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ထို ဆွေးနွေးပွဲ ဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ

(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အဖွင့်မိန့်ခွန်းကို ရုပ်သံဖိုင်နှင့် ပေးပို့ ပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး(Public Diplomacy Ambassador) Mr Lee Sang Hwa(မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ဟောင်း) လည်းတက်ရောက်ပြီး အမှာစကားပြောကြားပေးခဲ့ပြီး ၊(NUG)အစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အတူ ကိုယ်စားလှယ် ရုံးအဖွဲ့ဝင်များလည်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါသည်။