NUG ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား မြန်မာ့ဒီမိုကရေစီအရေးကို အားပေထောက်ခံသည့် ကိုရီးယားပါတီ အသီးသီးမှ လွတ်တော်အမတ်(၃)ဦးနှင့်တွေ့ဆုံ
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်၊ ဗုဒ္ဓဟူးနေ့
ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ယနေ့ ကိုရီးယားဒေသ စံတော်ချိန် နေ့လယ် (၂)နာရီ မှ နေ့လည် (၄) နာရီ အချိန်အတွင်းတွင် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် ကိုရီးယားပါတီ အသီးသီးမှ လွတ်တော်အမတ်များက ဆိုလ်းမြို့ရှိ ကိုရီးယားပြည်သူ့လွတ်တော် အတွင်းရှိ လည်ကောင်းတို့၏ ရုံးခန်းများတွင် သီးခြား တွေ့ဆုံကြရာ လွှတ်တော်အမတ် အသီးသီးကလှိုက်လှဲပျူငှာစွာဖြင့် ကြိုဆို နှုတ်ဆက်ကြပြီး မြန်မာ့
ဒီမိုကရေစီအရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ရှေးဦးစွာ တရားမျှတရေးပါတီမှ အမျိုးသမီး လူငယ်လွှတ်တော် အမတ်ဖြစ်သူ MRS-JANG HYE YEONG နှင့်ဂတွေ့ဆုံဆွေးနွေးရာ သူမက မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေးလှုပ်ရှားသူများကို သေဒဏ်ပေးခြင်းအပေါ် မိမိတိုပါတီနှင့် ကိုရီးယားပြည်သူလူထုက လုံး၀လက်ခံနိုင်ခြင်းမရှိကြောင်း ဆက်လက်ပြီး စကစမှ သေဒဏ်စီရင်ရန် အမိန့်ချမှတ်ခံထားရသူ ဒီမိုကရေစီရေးလှုပ်ရှားသူ များစွာ ရှိနေသေးကြောင်း ကြားသိထားရပါသဖြင့် ကိုရီးယားလွှတ်တော်မှ တရားဝင် ကန့်ကွက်တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ရန် မိမိတို့ ပါတီအနေဖြင့် အပြင်းအထန် လှုပ်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။
ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်ဖြစ်သူ MR-KO YOUNG IN နှင့် တွေ့ဆုံရာတွင်
မစ်စတာ ကို မှ မိမိတို့ ဒီမိုကရကျတစျပါတျီအနဖွေငျ့
မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်တစိုက် အားပေးထောက်ခံခဲ့ကြောင်း၊ ယခုနှစ်အတွင်းတွင် အဏာရနှင့် အတိုက်အခံ လွှတ်တော် အမတ်(၈၀) ကျော်ဖြင့်
ကော်မတီတရပ်ဖွဲ့ထားပြီး (NUG) အစိုးရကို ကိုရီးယား အစိုးရမှအသိ အမှတ်ပြုနိုင်ရန်အတွက် လွှတ်တော်တွင်းကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။
အခြေခံလစာ ပါတီမှ အမျိုးသမီး လွှတ်တော်အမတ်
ဖြစ်သူ MRS- YONG HYE IN က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လေးစားမြတ်နိုးသူတိုင်း မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို အားပေးထောက်ခံရမှာဖြစ်
ကြောင်း၊ယခုကိုရီးယား လွှတ်တော်အတွင်းတွင် သူမဆောင်ရွက်နေသည့် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့သည့် ဥပဒေကို အတည်ပြုပြဌာန်းနိုင်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဖြစ်
ကြောင်း ကတိပြု ပြောကြားခဲ့ပါသည်။
ယနေ့တွေ့ဆုံခဲ့သည့် ကိုရီးယားလွှတ်တော် အမတ် (၃)ဦးသည် မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်မှ တရားမဝင် အာဏာ သိမ်းယူခြင်းနှင့် စစ်တပ်မှ ပြည်သူလူထု နေထိုင်သည့် ကျေးရွာအိုးအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ပြည်သူများအပေါ် နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ရှုတ်ချပြစ်တင်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် စစ် တပ်မှ ကြီးစိုးနေမှုကို အမြစ်ဖြတ်သုတ်သင်ပြီး နောက်ထပ် စစ်အာဏာသိမ်းမှုမပေါ်ပေါက်စေနိုင်သော ဖက်ဒရယ်အခြေခံဥပဒေပြဌာန်းနိုင်သည်အထိ
မိမိတို့အနေဖြင့် အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ကြပါသည်။