အညာဒေသရှိ မီးရှို့ခံရစစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ အမိုးအကာများထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ The End of Dictatorship (EOD) အစီအစဉ်ဖြင့် "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" Campaign မှရရှိထားသောရန်ပုံငွေဖြင့် အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်စာနာထောက်ထားရေး အကူအညီများဖြစ်တဲ့ အမိုးအကာနှင့်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိပါတယ်။

ယခုအခါ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသရှိ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄၆)စုအတွက် အရေးပေါ်အမိုးအကာချပ်များကို လူသားစာနာတာဝန်ခံများကတဆင့် အဆိုပါပြည်သူများလက်ဝယ် ဆက်လက်ပံ့ပိုးပေးလျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါတယ်။