"အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိ"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်အချို့မှ သွားရောက် ကြိုဆိုနှုှုဆက်ခဲ့ကြပါသည် ။

 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်များ ၊အမျိုးသားညီညွတ်ရေးအစိုးရ​၏ နိုင်ငံခြားရေးမူဝါဒများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊သတင်းမီဒီယာများနှင့်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါသည် ။

ထို့အပြင် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြသော ပြည်ထောင်စုမြန်မာနိုင်ငံသားများ ၊မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော အဖွဲ့အစည်းများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားနိုင်ရန်အတွက် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အသေးစိတ်အစီအစဉ်များ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ဂျပန်ကိုယ်စားလှယ်ရုံး