အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ မတ်လ (၅)ရက်

ပထမဦးစွာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မင်းပြားမြို့နယ်အတွင်း၊ မင်းဖူးဆေးရုံကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်နဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်တွေ မြို့ရှိ ကိုရီးယားဆိပ်ကမ်းစျေးအတွင်းကို စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့ အတွက် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် များစွာစိတ်မကောင်း ဖြစ်ရကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေနဲ့ ပါတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုကတော့ ပြည်သူကို ကဏ္ဍစုံက ဖိစီးနှိပ်စက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးအနေနဲ့လည်း သတိမလစ်ဟင်းပဲ ဘက်ပေါင်းစုံက ပြန်လည်တိုက်ပွဲဝင်နေကြရတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ အခုလက်တလော ပြည်သူတွေ စိုးရိမ်ကြောင့်ကြဖြစ်နေကြရတဲ့ အတင်းအဓမ္မစစ်သားစုဆောင်းရေး လုပ်ငန်းစဥ် နဲ့ ပါတ်သက်ပြီးလည်း ပြည်သူကို အသိပေးပြောကြားစရာတွေကို အသိပေးပြောကြားသွားမှာ ဖြစ်သလို ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ တတ်စွမ်းသရွေ့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ် အစုအဖွဲ့အသီးသီးနဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး ဒီစိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ရေးအတွက် စုစုစည်း စည်း ဆက်လက် ဆောင်ရွက်သွားကြဖို့လည်း ရှိပါတယ်။  

ဒါကြောင့် ဝန်ကြီးဌာန အသီးသီးအနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာ Channel များက နေ ပြည်သူများကို သတင်းစကားများ ပေးပေးကြဖို့လည်း လိုအပ်ကြောင်း တိုက်တွန်း ပြော ကြားလိုပါတယ်။ တဘက်ကလည်း နိုင်ငံတကာနဲ့ ဆက်နွယ်ဆောင်ရွက်နေကြရတဲ့ ဝန်ကြီး များအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ်လာနိုင် တဲ့ ဆိုးကျိုးများကို သိရှိစေဖို့နဲ့ ဒါဟာ ပြည်တွင်းလုံခြုံရေးသာမက ဒေသတွင်းလုံခြုံရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းစွာ နားလည်သဘောပေါက်နိုင်စေ‌ရေး ကြိုးပမ်းကြဖို့လိုမှာ ဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ လက်ရှိအခြေအနေ၊ အနေအထားတွေအရ ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပိုပြီး စုစုစည်းစည်းနဲ့ တိုင်ပင်လုပ်ဆောင်ရမှာတွေနဲ့ ဦးစားပေးလုပ်ငန်းစဥ်တွေလည်း အတော်များပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တာကြောင့် ပုံမှန်ဝန်ကြီး ဌာန လုပ်ဆောင်ချက်တွေအပြင် နိုင်ငံရေး အရ ဆွေးနွေးရမှာတွေ၊ ညှိနှိုင်းရမှာတွေလည်း များ ပြားပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက အုပ်ချုပ်ရေးထူထောင်နေတဲ့ နေရာ ဒေသ တွေရဲ့ အခြေအနေကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ တော်လှန် ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးလုပ်ရင်း အုပ်ချုပ်ရေးဖော်ဆောင်ရတာ မလွယ်ကူ ပါဘူး။ မူကောင်းကောင်းတွေ ရှိဖို့ လိုအပ်သလို လူတွေကိုလည်း မူနဲ့ ကောင်းစွာ ထိန်းကျောင်း နိုင်ဖို့လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကြားကာလ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေဟာ Focal တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအပြင် အစိုး ရအဖွဲ့အားလုံးနဲ့ သက်ဆိုင်နေတာမို့ ဝန်ကြီး များ အားလုံးလည်း ကောင်းမွန်တဲ့ အကြံဥာဏ်တွေ၊ ဆောင်ရွက်ချက်တွေ ထိထိရောက် ရောက် လုပ်ဆောင်ရင်း အားစိုက်ဆောင် ရွက်ဖို့လည်း တိုက်တွန်းလိုပါတယ်။