အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ဂွမ်ဂျူးမြို့တော်ဝန် တွေ့ဆုံ

#ကိုရီးယား သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အထူးဖိတ်ကြားခံရသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ယနေ့ ကိုရီးယားဒေသ စံတော်ချိန် နေ့လယ် (၃)နာရီ (၁၀)မိနစ် အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အထင်ကရ ဒီမိုကရေစီမြို့တော် ဖြစ်သည့် ဂွမ်ဂျူးမြို့၏ မြို့တော်ဝန် MR- KANG GI JUNG က မြို့တော်ဝန်ရုံးခမ်းမဆောင်တွင်  တွေ့ဆုံခဲ့ပါသည်။

#ထိုသို့တွေ့ဆုံရာတွင် ဂွမ်ဂျူးမြို့တော်ဝန်က မိမိတို့ အနေဖြင့် ကိုရီးယား အစိုးရသာမက ကိုရီးယား ပြည်သူပြည်သားများအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို သိရှိထားပါကြောင်း၊ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို စာနာနားလည်ပါကြောင်း၊NUG အစိုးရကိုလည်း မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံနေပါကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြသည့် မြန်မာပြည်သူပြည်သားများအား အစဉ်အားပေးနေမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်စေရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း အစရှိသည့် ကတိစကားများ ပြောကြားခဲ့ပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကလည်း ကိုရီးယားနိုင်ငံ၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို မိမိ ကောင်းစွာသိရှိပါကြောင်း၊ စံနမူနာယူကာ အတုယူလေ့လာမိပါကြောင်း၊ 

မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုများအတွက် ကိုရီးယားအစိုးရနှင့် ပြည်သူ

ပြည်သားများကိုလည်း အထူး ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးက ကိုရီးယားအစိုးရနှင့် NUG အစိုးရကြား အတူတကွ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် အဓိက လိုအပ်

သည့် အကူအညီများကို မြို့တော်ဝန်နှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အကျယ်တဝင့် မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါသည်။

#ထို့နောက်  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့်တကွ NUG အစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အဖွဲ့သည်  ဂွမ်ဂျူး မေ(၁၈)အောက်မေ့ဖွယ် ဖောင်ဒေးရှင်းရုံးပြတိုက်သို့ ဆက်လက်သွားရောက်ခဲ့ပါသည်။

ဝန်ကြီးနှင့်အဖွဲ့ကို ဂွမ်ဂျူးမေ(၁၈)ဖောင်ဒေးရှင်း ဥက္ကဋ္ဌ MR-SUNSEOK WON နှင့် ရုံးအဖွဲ့တို့က နွေးထွေးပျူငှာစွာ  ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂွမ်ဂျုး 

မေ(၁၈)ဖောင်ဒေးရှင်းအနေဖြင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေး အတွက်အားပေးကူညီပေးခဲ့မှုများနှင့် ရှေ့ဆက် ကူညီထောက်ပံ့ပေးမည့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဖောင်ဒေးရှင်းရှိ ဂွမ်ဂျူး မေ(၁၈) သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံပြတိုက်ကို ကြည့်ရှု့လေ့လာခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားနိုင်ငံ၏ အထင်ကရ ရုပ်သံသတင်းဌာနဖြစ်သည့် MBC သတင်းဌာနက  NUG အစိုးရ၏ လက်ရှိလုပ်ဆောင်ချက်များနှင့် အနာဂတ် ရည်မှန်းချက်များဟူသည့် ခေါင်းစဉ်ဖြင့် တိုက်ရိုက် ရုပ်သံ အင်တာဗျူးအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂွမ်ဂျူး သူရဲကောင်း ဗိမ္မာန်သို့ သွားရောက်ကာ  ၁၉၈၀ ပြည့်  မေ(၁၈)ဂွမ်ဂျူး အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့်  အာဇာနည် သူရဲကောင်းများကို အမှတ်တရ ရည်စူးအလေးပြုပြီး မေတ္တာပို့ဆုတောင်းခဲ့ပါသည်။