ဖက်ဒရယ်ပညာပေးစာစဉ် အမှတ် (၇)

ဖက်ဒရယ်ပညာပေးစာစဉ် အမှတ် (၇) သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်သည့်…

  • ပြည်ထောင်စုအဖွဲ့ဝင် ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိ/မရှိအခြေအနေကို နှိုင်းယှဉ်လေ့လာပြီး၊ 

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိသည့် ဖက်ဒရယ်ယူနစ်များတွင် တွေ့ရှိရသော ဘုံဖွဲ့စည်းပုံဆိုင်ရာလက္ခဏာများကို

စနစ်တကျ သုံးသပ် တင်ပြထားပါသည်။ …

“ဖက်ဒရယ်စနစ်အတွင်း ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီဇိုင်းအား လေ့လာခြင်း- မိုးသန်”

  • ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံး၍ မိမိတို့ ၏ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့် ရှိကြပါသည်။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်နယ်များက မိမိတို့ကိုယ်တိုင်ကျင့်သုံးမည့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိခြင်းသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ အရေးအကြီးဆုံး အင်္ဂါရပ်တခုပင် ဖြစ်ပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့် အခွင့်အရေးရှိမှသာ တိုင်းရင်းသားလူမျိုး ပေါင်းစုံ နှစ်ပေါင်း (၇၅) နှစ်ကျော် တိုက်ပွဲဝင်တောင်းဆိုလျက်ရှိသော “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်” ကို ထူထောင်နိုင်မည်။…

“ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း- ဆလိုင်းလျန်မှုန်း”


  • ဖက်ဒရယ်စနစ်သည် အာဏာခွဲဝေမှုအပေါ် အခြေခံထားသော အုပ်ချုပ်ရေးစနစ်တခုဖြစ်ပြီး လူမျိုးစု၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကွဲပြားမှုများရှိသည့် လူ့အဖွဲ့အစည်းများတွင် လူနည်းစုအခွင့်အရေးများကို ကာကွယ်ရန်အတွက် အရေးပါ သော မူဝါဒဆိုင်ရာစနစ်တစ်ခုအဖြစ် ယူဆရသည်။ ဤဆောင်းပါးတွင် ဖက်ဒရယ်စနစ်အတွင်း လူနည်းစု အခွင့်အရေး များ၏ သဘောတရား၊ အကာအကွယ်ပေးရေးယန္တရားများ၊ အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် နိုင်ငံတကာအတွေ့ အကြုံများကို ဆန်းစစ်လေ့လာထားသည်။ ထို့အပြင် စိန်ခေါ်မှုများနှင့် မူဝါဒဆိုင်ရာအကြံပြုချက်များကိုလည်း ဖော်ပြထားပါသည်။....


“ဖက်ဒရယ်စနစ်အတွင်း လူနည်းစုအခွင့်အရေးများအား ကာကွယ်ရေးနှင့် မြှင့်တင်ရေး - မိုးသန်”