“ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် ထုတ်ပြန်ကြေညာချက်”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
ကြေညာချက်အမှတ်(၂၄/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်
“ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် ထုတ်ပြန်ကြေညာချက်”
ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအား အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်။
သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပါသည်။ ကနဦးတွေ့ရှိချက် များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရပါသည်။ သေဆုံးရသည့်အကြောင်းအရင်းအား စစ်ဆေးရန်အတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ရုပ်အလောင်း များကို ပေးပို့ထားကြောင်းလည်း သတင်းရရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ထို့အတူ ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုအား စတင်ဆောင်ရွက် နေပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများ အားလည်း ဖိတ်ခေါ်အပ်ပါသည်။
စုံစမ်းစစ်ဆေးမှု ရလဒ်များအား ပြီးစီးရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ရိုဟင်ဂျာလူမျိုးများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်းရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ် အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချပါသည်။ ချန်လှပ်ဘေးဖယ်ထားခြင်း၊ နှိမ်ချခွဲခြားခြင်း၊ လူမဆန်စွာအပြစ်ပေးခြင်းများ ကျူးလွန်ရန် လှုံဆော်ပေးသည့် လုပ်ရပ်များအတွက် မြန်မာ့လှုမှုရပ်ဝန်းတွင် နေရာမရှိပါ။ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ