ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ ပုံမှန်အစည်းအဝေး (၁/၂၀၁၄) ကျင်းပပြုလုပ်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးဌာနအတွင်း ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းမှ အဖွင့်နှုတ်ဆက်စကားပြောခြင်းဖြင့် အစည်းအဝေးကို စတင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွက် work plan  ပြုစုရန်၊ FSCC ကော်မရှင်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ ဌာနအလိုက် planning များပြုလုပ်ရန် မှာကြားခဲ့သည်။ ထို့နောက် ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးတင်ပြခဲ့ကြသည်။