“(၈၂) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ တွင် ပေးပို့သော သဝဏ်လွှာ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

“(၈၂) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ တွင် ပေးပို့သော သဝဏ်လွှာ”

စက်တင်ဘာ (၉) ရက် ၊၂၀၂၁ ခုနှစ်

• မြန်မာနိုင်ငံလွတ်လပ်ရေး အတွက်သာမက အာရှတိုက် တစ်ခုလုံး လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ ဦးဆောင်လမ်းပြခဲ့သူ “ရခိုင့်သူရဲကောင်း ၊ မြန်မာ့သူရဲကောင်းအဖြစ်သာမက အာရှနေဝန်းနီ အဖြစ်တင်စားခဲ့ရသည့်  ဆရာတော်ဦးဥတ္တမ၏  သတ္တိဂုဏ်တို့ကို အထူးအောက်မေ့လျက် သဝဏ်လွှာပေးပို့ ပါသည်။ 

• နယ်ချဲ့ဝါဒ မှ လွတ်မြောက်ရန်နှင့်  တရားမျှတခြင်း၊ တန်းတူညီမှျခြင်းတို့ အတွက် ဆရာတော် ဦးဥတ္တမ အပါအဝင် လွတ်လပ်ရေးခေါင်းဆောင်များ နည်းမျိုးစုံဖြင့် ရုန်းကန်တော်လှန်ခဲ့ကြသည်။

• ယနေ့မျက်မှောက်ကာလတွင်လည်း အချူပ်အခြာအာဏာ၏ မူလပိုင်ရှင် ပြည်သူတို့ မျှော်ရည်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် အခြေခံ လွတ်လပ်ခြင်း ၊ မျှတခြင်း ၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံနိုင်မည့် နိုင်ငံရေးစနစ်တစ်ရပ် ထူထောင်နိုင်ရေး  ကြိုးပမ်းရုန်းကန်နေရဆဲဖြစ်သည်။ 

• နယ်ချဲ့စနစ်သည် နိုင်ငံများ၏ လွတ်လပ်ရေး တန်းတူညီမှျရေးအတွက် ဘုံအန္တရာယ် အတားအဆီးဖြစ်သကဲ့သို့ ၊ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှသည်လည်း ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောင်ရေး အတွက် အဓိက ဘုံအန္တရာယ်အတားအဆီးပင်ဖြစ်သည်။ 

• လက်နက်အားကိုး စစ်အာဏာရှင် ဓလေ့စရိုက်တို့ ဖြင့် နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး အစရှိသည် ကဏ္ဍစုံတွင် ဗိုလ်ကျစိုးမိုးလျက် ပြည်ထောင်စုသားတို့အား ဖိနှိပ်လျက်ရှိသည့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရေးသည် မျက်မှောက်ခေတ် ၏ နိုင်ငံရေး တာဝန်တစ်ရပ်ဖြစ်ပေသည်။ 

• အဆိုပါတာဝန်ကို ထမ်းဆောင်လျက်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆရာတော် အသျှင်ဥတ္တမ ၏ ရဲ့ရင့်မှု  ၊ ဉာဏ်ပညာတို့ နှင့် ပြည့်စုံသည် သတ္တိဂုဏ် တို့ကိုပြန်လည် အမှတ်ရလျက် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် (၈၂) နှစ်မြောက် အာရှနေဝန်းလွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် အသျှင်ဥတ္တမနေ့ကို ဂုဏ်ပြု လိုက်ရပါသည်။