စုံလင်ကွဲပြားမှုမှသည် ညီညွတ်ခြင်းဆီသို့ - ဖက်ဒရယ်မှတ်စုများ အပိုင်း (၂)


စုံလင်ကွဲပြားမှုဟုဆိုရာတွင်
 ဒေသကို အခြေပြုသည့် စုံလင်ကွဲပြားမှုနှင့် ဒေသကို အခြေမပြုသည့် စုံလင်ကွဲပြားမှုဟူ၍ (မျိုးရှိသည်။ ဒေသကို အခြေပြုသည့် စုံလင်ကွဲပြားမှုတွင် လူမျိုး၊ ဘာသာစကား၊ ယဥ်ကျေးမှု၊ ကိုးကွယ်ရာဘာသာ စသည်တို့ပါဝင်ပြီး ဒေသကို အခြေမပြုသည့် အမျိုးအစားတွင်မူ နိုင်ငံရေးအတွေးအခေါ်၊ လူမှုအဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ ကျား/မ၊ ဂျန်ဒါတို့ ပါဝင်သည်။

စုံလင်ကွဲပြားသော အဖွဲ့အစည်းများတွင် ပဋိပက္ခဖြစ်ရသည့် အရင်းခံအကြောင်းများ၊ ယင်းအရင်းခံအကြောင်းများကို ဖြေရှင်းရန်နည်းလမ်းများကို ဤစာတမ်းတွင် ဆွေးနွေးထားပါသည်။ စာတမ်းပါ အချက်အလက်များသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနှင့် နိုင်ငံတကာပညာရှင်များ ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများမှ ဆွေးနွေးချက်များကို အခြေခံ၍ စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ သီအိုရီများ၊ သီအိုရီများဆိုင်ရာမူဘောင်များ မဟုတ်သလို ပညာရပ်ဆိုင်ရာ စာတမ်းလည်း မဟုတ်ပါ။

ဆွေးနွေးပွဲများဖြစ်မြောက်ရန်နှင့် ယခုကဲ့သို့ အနှစ်ချုပ်မှတ်စုများပြုစုနိုင်ရန် ကူညီထောက်ပံ့သော S.F.I.G ကိုလည်း ကျေးဇူးတင်ပါသည်။ ဤစာတမ်းပါအချက်အလက်များသည် ဝန်ကြီးဌာနနှင့် S.F.I.G  သဘောထားမဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးအပ်ပါသည်။