ဖက်ဒရယ်ပညာပေးစာစဉ် အမှတ် (၂)
စကားချီး
ဖက်ဒရယ်ပညာပေးစာစဉ် အမှတ် (၈) တွင် ဖော်ပြထားသော “ဖက်ဒရယ်စနစ်၏အဓိပ္ပာယ်ကို ရှင်းလင်းခြင်း” သည် ဖက်ဒရယ်ပညာပေးစာစဉ်
အမှတ် (၁) မှ အမှတ် (၇) တွင် ပါရှိသော စာတမ်းများတွင် “ဖက်ဒရယ်စနစ်”၊ “ဒီမိုကရေစီစနစ်”၊ “ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် အတူတကွ စုပေါင်း၍အုပ်ချုပ်ခြင်း”၊
“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalsim) ချဉ်းကပ်မှုဖြင့် ပြည်ထောင်စုတည်ဆောက်ရေး”၊
“ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း”၊ “ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း” နှင့်
“လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း”စသည့် စာတမ်းများ၌ ဖော်ပြထားသော ဖက်ဒရယ်စနစ်၏အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြခြင်းဖြစ်၍
အဆိုပါစာတမ်းများနှင့် ချိတ်ဆက်လေ့လာဖတ်ရှုပါရန် အကြံပြု တိုက်တွန်းအပ်ပါသည်။