ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်၁၅ ဇွန် ၂၀၂၁-----------------------------------------အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၀/၂၀၂၁) ကို ယနေ့ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ဒုတိယ သမ္မတ ဒူဝါလရှီလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..ဒုတိယ သမ္မတက G 7 အစည်းအဝေးက ထွက်ပေါ်လာချက်တွေဟာ အကျိုးရှိပေမယ့် ပိုမိုထိရောက်မှုရှိရန် လိုကြောင်း။ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေအပိုင်းမှာ ပိုမို အားကောင်းလာတာ ကိုတွေ့ရကြောင်း၊ တော်လှန်ရေးအတွက် ပြည်သူတွေက ညီညီညွတ်ညွတ်ကြိုးစားနေကြသလို အစိုးရအဖွဲ့အနေနဲ့ လည်း ညီညွတ်တဲ့အစိုးရဖြစ်ဖို့ပိုမို အားစိုက်ဖို့လိုကြောင်းပြောကြားခဲ့ပြီး၊ပြည်ထောင်စု ဝန်ကြီးချုပ်က မနက်ဖြန်ဆိုလျှင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့သက်တမ်းဟာ ၂ လပြည့်ပြီဖြစ်ကြောင်း၊  ၂ လ အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြိုးစားဆောင်ရွက်နေကြသော်လည်း ပြည်သူများ နေ့စဉ်ခံစားနေရတဲ့ဒုက္ခများက ကြီးမားလွန်း၍ အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များကို ယခုထက်ပို၍ မြန်မြန်ဆန်ဆန် ရလဒ်များထွက်အောင်လုပ်ဆောင်စေချင်ကြောင်း၊ တချို့ကိစ္စများတွင် NUG အနေဖြင့်  အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာတွေရှိသော်လည်း ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေ တာကြောင့်  ပြည်သူများဘက်ကကြည့်လျှင် အားမလိုအားမရဖြစ်နေတာများကိုလည်းတွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူများအတွက် စာနာထောက်ထားမှုအကူအညီများ ကူညီထောက်ပံ့ ခြင်းကိုပင် ဖျက်လိုဖျက်စီးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်များဟာ ဆိုးဝါးလွန်းလှကြောင်းကို ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးဗြဲမြို့နယ်ဖြစ်စဉ်တွင် တွေ့နိုင်ကြောင်း၊ ဒီလိုကိစ္စရပ်တွေ အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာကပါ သိအောင် ဆောင်ရွက်ပေးဖို့တိုက်တွန်း ကြောင်း၊ ဇွန်လ ၁၂ ရက်နဲ့၁၃ ရက်များတွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့များအဖြစ် ကမ္ဘာ့နိုင်ငံ ၂၀ကျော် ပြည်ပရောက်မြန်မာများနှင့် နိုင်ငံတကာမှ တရားမျှတမှုကိုလိုလားသော၊ ဒီမိုကရေစီကို ချသ်မြတ်နိုးသောမိတ်ဆွေတွေပူးပေါင်းပြီး ဆန္ဒပြပွဲတွေဆောင်ရွက်ခဲ့တယ်လို့သိရတဲ့အတွက် အထူးကျေးဇူး တင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးများ ၊ ဒုဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပါတ်သတ်၍ ဆွေးနွေးတင်ပြကြရာ ကာကွယ်ရေးဝန်ကြီးဌာနက PDF ထူထောင်နေခြင်းကိစ္စများ နှင့် Federal Alliance များလုပ်ဆောင်နေခြင်းကိစ္စများ၊ စီမံဘဏ္ဍာဝန်ကြီးဌာနမှ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့် ဥပဒေပြင်ဆင်ခြင်း ကိစ္စ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖက်ဒရယ်သယံဇာတမူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်ကိစ္စများဆွေးနွေးကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန များမှ ဝန်ကြီးဌာန Logo နှင့် ဖွဲ့စည်းပုံများအား အသီးသီးတင်ပြခဲ့ကြသည်။

ကြေညာချက်အမှတ် (၅/၂၀၂၁)

ကြေညာချက်အမှတ် (၅/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgကြေညာချက်အမှတ် (၅/၂၀၂၁)၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၁။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့၊ ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်၊ နယ်စပ်ရှိ  မိုးဗြဲမြို့နယ်၊ အနောက်ဘက်ခြမ်း၊ လွယ်ရင်းတောင်ခြေတွင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ စေတနာရှင်များက စစ်ဘေးရှောင်ပြည်သူများအတွက်  ပြည်သူမှ ပြည်သူသို့ ပေးပို့လှူဒါန်းထားသော စားနပ်ရိက္ခာ ဆန်အိတ် ၈၀ ခန့်အပါအဝင် ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးထောက်ပံ့ရေးဆောင်ရွက်ရာတွင် အသုံးပြုနေသည့် လူနာတင်ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓါတ်ပုံအထောက် အထားများနှင့်တကွ ကနဦးသတင်းရရှိပါသည်။၂။ ထို့အတူ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စစ်ဘေး ရှောင်ပြည်သူများနှင့် အတိဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အကြမ်းဖက်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို လုယက်ဖျက်ဆီးခြင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိနေရသည်။၃။ စစ်ကောင်စီတပ်များ၏ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များသည် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားသော The Fourth Geneva Convention Relative to the Protection of Civilian Persons in Time of War of 12 August 1949 ၏ Article 3 ကို တိုက်ရိုက်ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့ကာကွယ်ရေး အက်ဥပဒေ ၁၉၅၉ ပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ရာရောက်ပါသည်။၄။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ခုနှစ်၊ မေ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အဦများကို အကာအကွယ်ပေးရန်နှင့် ဘေးကင်းပြီး တားဆီးပိတ်ဆို့မှု မရှိသည့် လူသားချင်းစာနာမှုအကူအညီများကို သွားလာခွင့်ပေးရန်ဆိုသည့် တိုက်တွန်းချက်ကိုလည်း    လုံးဝ လျစ်လျူရှု၍ ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ကလည်း ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီ တပ်သားများက တားဆီးပိတ်ဆို့ခြင်းများ ဆောင်ရွက်နေသည့်အပေါ် သတိပြု စိုးရိမ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။၅။ သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့ဖျက်ဆီးခြင်း၊ လူသားချင်းစာနာမှုကိုပြသရန် ရည်ရွယ်ချက်ဖြင့် အကူအညီပေးအပ်ရန် ကြိုးပမ်းဆောင်ရွက်နေသူများကို ဖမ်းဆီးနှောင့်ယှက်ခြင်း အစရှိသည့် ဖောက်ဖျက်ကျုးလွန်မှုများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ အဆိုပါလူမဆန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် အတွက်  ဆက်လက်ဖိအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

သတင်းထုတ်ပြန်ချက် (၄/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၄/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၄/၂၀၂၁)၁၀ ဇွန်လ ၂၀၂၁ခုနှစ်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက တရားရေဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသော ပြည်ထောင်စုဝန်ကြီးများကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အတည်ပြုခန့်အပ်ပေးခဲ့သည်။ ၁၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ “အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများကြေညာခြင်း” ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၃/၂၀၂၁) ၂ ကို ၇ ဇွန် ၂၀၂၁ခုနစ် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် အောက်ပါအချက်များပါဝင်သည်။စစ်ကောင်စီ၏ တပ်မတော်နှင့် ၎င်း၏အပေါင်းအပါအဖွဲ့အစည်းများသည်- အရပ်သား ၈၀၀ ကျော်ကို သေစေနိုင်သောလက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း-  လူပေါင်း ၅၀၀၀ ကျော်အား မတရားဖမ်းဆီးချုပ်နှောင်ထားပြီး၊ အများစုမှာ အနှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း- ဘဏ်စနစ်ပြိုလဲလုနီးပါးအခြေအနေဖြင့် တိုင်းပြည်စီးပွားရေးကိုချွတ်ခြုံကျစေပြီး အများပြည်သူ၏ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတို့အားပျက်စီးစေခြင်း- စားနပ်ရိက္ခာအကျပ်အတည်းကို လျစ်လျူရှုထားပြီး မကြာခင်ကာလများအတွင်း စားနပ်ရိက္ခာ အကျပ်အတည်း၏ ရိုက်ခတ်မှုကိုကြုံတွေ့ရမည့် လူပေါင်း (၁) သန်းမှ (၃) သန်းအထိ မြင့်မားသွားနိုင်ခြေရှိခြင်း- မြန်မာနိုင်ငံ၏ COVID CERP အစီအစဉ်ကို ပစ်ပယ်လိုက်ခြင်းဖြင့် တိုင်းပြည်၏ ကျန်းမာရေးကဏ္ဍ ကျဆုံးသွားခြင်း။- ငွေကြေးခဝါချမှု လုပ်ငန်းကြီးများပြုလုပ်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စစ်ကောင်စီ၏တပ်မတော်နှင့် ၎င်းနှင့်ဆက်စပ်လျက် ရှိသော အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၃) အရ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ မြန်မာနိုင်ငံဥပဒေတွင် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် “အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက် အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်သည့် ပြစ်မှုများ” ကို ကျူးလွန်လျှင် ဥပဒေအရ အကြမ်းဖက်မှုမြောက်သည်။ ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ “Non-CDM များနှင့်ပတ်သက်သော သဘောထားကြေညာချက်” ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၄/၂၀၂၁) ၃ ကို ၈ ဇွန် ၂၀၂၁ခုနစ် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Civil Disobedience Movement (CDM) - အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေကြသော တော်လှန်ရေးသူရဲကောင်းများအား ဤနေရာမှ လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်တိုင်က CDM ပြုလုပ်ခြင်းမရှိသည့်အပြင် CDM ပြုလုပ်သူများအား အနိုင့်အထက်ပြု ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိသော ဝန်ထမ်းဆိုးများကို စနစ်တကျ စာရင်းပြုစုလျက်ရှိသလို၊ Non-CDM များ၊ CDM များ ၏ စာရင်းများကို CDM ပြုလုပ်သည့် အချိန်ကာလပေါ်မူတည်၍ အဆင့်များခွဲခြားကာ စနစ်တကျ စာရင်းပြုစုလျက်ရှိပြီး စစ်အာဏာရှင် ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်သည့်အချိန်တွင် အဆိုပါ စာရင်းများအပေါ်မူတည်၍ တရားသော စီရင်ဆောင်ရွက်မှုများကို တိကျစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့ပါဝင်သည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ mohai.nugmyanmar.org ကို ထုတ်လွှင့်လိုက်ပြီး အဆိုပါ အင်တာနက်စာမျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီ၏လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားမျတမှုအောက်သို့ခေါ်ဆောင်ပြီး ပြည်တွင်းတရားရုံးများနှင့် နိုင်ငံတကာရာဇဝတ် ခုံရုံးများတွင် ကြီးလေးသောပြစ်ဒဏ်ပေးနိုင်ရန် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကာကွယ်နိုင်ရန် နှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုကို ဆောင်ရွက်နိုင်ရန်အတွက် ကျူးလွန်ခံရသူများအနေဖြင့် အထောက်အထားအပြည့်အစုံနှင့်တကွ တိုင်ကြားနိုင်သည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးထားပြီး ထိုသို့ တိုင်ကြားနိုင်ကြောင်း ကြေညာချက်တစ်ရပ်၄ လည်း ထုတ်ပြန်ခဲ့သည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက CDM ပြုလုပ်နေကြသော ပြည်သူ့ဝန်ထမ်းများနှင့်ပတ်သက်သည့် ကြေငြာချက်အမှတ် ၁/၂၀၂၁ကို၅ ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၈)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် CDM ပြုလုပ်၍ ရုံးတက်ပျက်ကွက်သည့် ဝန်ထမ်းများအား ၁၅-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အမိန့်ကြော်ငြာစာ အသီးသီး ကို လက်ရှိ စစ်ကောင်စီ၏ အမိန့်နာခံသည့် ဌာနတာဝန်ရှိသူများမှ မတရား ထုတ်ပြန်ခဲ့ကြောင်း၊ ယခင်အစိုးက ထုတ်ချေးထားသော (၂) လစာချေးငွေနှင့် အချို့သောဝန်ထမ်းများအား အလုပ်ခန့်ထားစဉ်က ဝန်ထမ်းခန့်ထားရေး မူအရ ချုပ်ဆိုထားသော ကတိဝန်ခံချက်စာချုပ်သက်တမ်း မပြည့်သေးသည့် အကြောင်းပြချက်ဖြင့် စာချုပ်အရ လျော်ကြေး ငွေများကို (၂)ပတ်အတွင်း နောက်ဆုံးထားပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအချို့အားစာဖြင့် ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ ခြိမ်းခြောက်နေခြင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သော ချေးငွေများအဖြစ် ၂ ကြိမ်တိုင်တိုင်ကြေညာကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်ချက်များအား ရှုတ်ချပါကြောင်းနှင့် CDM ဝန်ထမ်းများအနေဖြင့် (၂) လစာ ချေးယူငွေများ နှင့် လုပ်သက်စာချုပ်လျော်ကြေးများအား ပေးလျော်ရန် မလိုအပ်ကြောင်း စသည့်အချက်များပါဝင်ပါသည်။ ၆။ အသစ်ဖွဲ့စည်းလိုက်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက “လျှပ်စစ်ဓာတ်အားခများကောက်ခံနေမှု နှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ခြင်း။” အကြောင်းအရာနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ၆ ကို ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိပေးထုတ်ပြန်မှုတွင် CRPH ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ (က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခြွင်းချက်မရှိ ကင်းလွတ်ခွင့်(အခမဲ့)ပြုခြင်း (ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံခြင်းကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခေတ္တဆိုင်းငံ့ခြင်း တို့ကို ဝန်ကြီးဌာနအနေဖြင့် ဆက်လက်အတည်ပြုကြောင်း၊ လျှပ်စစ်မီတာခများ ကောက်ခံနေမှု၊ ပြည်သူလူထုအား ခြိမ်းခြောက်နေမှုကို လုံးဝရန်ဆိုင်းရန်၊ နိုင်ငံတော်အစိုးရ၏ ကြေညာချက်အတိုင်း ဓါတ်အားခမပေး ဆောင်ကြသည် ဖြစ်စေကာမူ လျှပ်စစ်ဆိုင်ရာ ဝန်ဆောင်မှုများအား ကောင်းမွန်စွာစောင့်ရှောက်ကြရန် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေရှင်း(YESC) နှင့် မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း(MESC) တို့၏ဝန်ထမ်းများနှင့် ဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော Franchise လုပ်ငန်းများ၏ ဝန်ထမ်းများကို ညွှန်ကြားလိုက်ကြောင်း၊ ညွှန်ကြားချက်များအား မလိုက်နာသော ညွှန်ကြားသူ၊ လက်တွေ့လုပ်ဆောင်သူ စသည့် တာဝန်ရှိသူ တစ်ဦးချင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာ ဖောက်ဖျက်ပုန်ကန်မှုအဖြစ်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားစောင့်ရှောက်ရေး ဥပဒေအရလည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Franchise ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်း(Blacklist) သွင်းခံရမည်ဖြစ်ကြောင်းကို သတိပေးကြောင်း စသည်တို့ပါဝင်ပါသည်။ ၇။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးထံသို့ စာတစ်စောင် ၇ ပေးပို့ခဲ့သည်။ အဆိုပါစာတွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်သံရုံး၏ ဇွန်လ (၅) ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင်နှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံသည့်အကြောင်း သတင်းထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ “ခေါင်းဆောင်” အဖြစ် ရည်ညွှန်းသည့်အပေါ် ရှုံ့ချကြောင်း၊ ၎င်းသည် နိုင်ငံ၏ တရားဝင်ခေါင်းဆောင်မဟုတ်ကြောင်း၊ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် နှစ်သုံးဆယ်ပြည့် အခမ်းအနား ပွဲများကို စီစဉ်ကျင်းပရာတွင် တရုတ်နှင့် အာဆီယံနှစ်ဦးလုံးသည် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးရန် ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး (LMC) ၏ ပူးတွဲသဘာပတိ ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်မှ အမျိုးသား ညီညွတ်ရေးအစိုးရအား တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်က နိုင်ငံအတွင်း တည်ငြိမ်မှု ရမှသာ အာဆီယံ၏ ကြိုးပမ်းမှုများကို စတင်နိုင်ကြောင်း ပြောကြားချက်ကို တရုတ်နှင့် အာဆီယံတို့က ပြင်းထန်စွာ ငြင်းပယ်သင့်ကြောင်း စသည်တို့ ပါဝင်သည်။ ၈။ “အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဇွန်လ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပပြုလုပ်မည့်  G7  ကမ္ဘာထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည့်အစည်းအဝေးတွင်  မြန်မာနိုင်ငံ၏အရေးကိစ္စကို ဆွေးနွေးအဖြေရှာ ကူညီကြပါရန် NUG အနေနှင့်တောင်းဆိုထားသော စာကို ဗြိတိသျှဝန်ကြီးချုပ်ဆီပေးပို့ခဲ့ပြီး တက်ရောက်လာမည့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များထံ ဖြန့်ဝေပေးရန် တောင်းဆိုထားကြောင်း၊ G7 အစည်းအဝေးမှ ထွက်ပေါ်လာသော ရလာဒ်များကို ဗြိတိသျှလွှတ်တော်တွင်  ဆက်လက်ဆွေးနွေးပေးရန် တောင်းဆိုထားကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းကလည်း G7 အစည်းအဝေးအတွက် NUG ၏သတင်းစကားကို ပေးပို့ထားပြီးဖြစ်ပါကြောင်း” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ ပြောကြားထားပါသည်။ ၉။ “မတ်လ (၁၃) ရက်နေ့မှာ ဗြိတိသျှ လွှတ်တော်သို့ ကျွန်တော် ပန်ကြားခဲ့တဲ့ ကိစ္စရပ်များကို အလေးအနက်ထား တုန့်ပြန်သောအားဖြင့် ဗြိတိန်နိုင်ငံ၏ အာရှရေးရာဝန်ကြီး နီဂယ်အဒမ် က စစ်အာဏာရှင်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် နားခိုရာနေရာ စသည့် လူသားချင်းစာနာ ထောက်ထားသည့် ကိစ္စများမှာ ကူညီဖို့ ပေါင် (၂၈) သန်း လျာထားပြီး ဖြစ်ပါတယ်။ ပါတီစုံမှ ဗြိတိသျှ လွှတ်တော်အမတ် (၆) ဦး လတ်မှတ်ထိုးပြီး အမျိုးသားညီညွတ်ရေး အစိုးရကို ယူကေအစိုးရအနေနဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုပေးခဲ့ကြတာကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားခဲ့ပါသည်။၁၀။ “COVID 19 ရောဂါတတိယလှိုင်းနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ထိရောက်သော ထိမ်းချုပ်မှုကို ပေးနိုင်မည်မဟုတ်သည်မှာသေချာသောကြောင့် ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့ ကာကွယ်ခြင်း၊ အိမ်တွင်သီးခြားနေထိုင်ခြင်း ၈၊ တစ်ဦးကို တစ်ဦး အသိပေးခြင်း သတိပေးခြင်း စသည့် ထိမ်းချုပ်ကာကွယ်မှုများ၉ ကိုလိုက်နာဆောင်ရွက်ခြင်းသည်သာ မြန်မာပြည်အတွက် အကောင်းဆုံး၊ အထိရောက်ဆုံး ဖြစ်သည်” ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထား သည်။ ၁၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ယခုအပတ်အတွင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ ငွေကျပ် သိန်း ၄၇၀ခန့် တန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် ချင်းပြည်နယ် နှင့် ကရင်နီ ပြည်နယ်များအတွက် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးအပ်နိုင်ရန် ဦးဆောင်စီစဉ်လျက်ရှိပါသည်။အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/124277356459571၂။ https://www.facebook.com/NUGmyanmar/posts/124907459729894၃။ https://www.facebook.com/NUGmyanmar/posts/125196859700954၄။ https://www.facebook.com/NUGmyanmar/posts/125085656378741၅။ https://www.facebook.com/NUGmyanmar/posts/125136659706974၆။ https://www.facebook.com/NUGmyanmar/posts/125244489696191၇။ https://www.facebook.com/NUGmyanmar/posts/124952289725411၈။ https://www.facebook.com/MoHNUGMyanmar/posts/149578503868431၉။ https://www.facebook.com/MoHNUGMyanmar/posts/149558040537144

သတင်းထုတ်ပြန်ချက် (၃/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၃/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၃/၂၀၂၁)၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန (၁၃) ခု၏ အမှတ်တံဆိပ်များ နှင့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ပြီးဖြစ်သည်။၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်အင်တာနက်စာမျက်နှာ(Website)ဖြစ်သော https://nugmyanmar.org ကို ထုတ်လွှင့်လိုက်ပြီဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့၏ အင်တာနက်စာမျက်နှာ(Website) များလဲ ပါဝင်ပါသည်။ ကျန်ရှိနေသေးသော ဝန်ကြီးဌာနများ၏ အင်တာနက်စာမျက်နှာ(Website) များကိုလဲ မကြာမီအချိန်အတွင်း ဆက်လက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထားရှိသည့် သဘောထားထုတ်ပြန်ချက် ၁ ကို ယနေ့ထုတ်ပြန်လိုက်သည်။ ယခုထုတ်ပြန်ချက်တွင် ရိုဟင်ဂျာပြည်သူအား “ရိုဟင်ဂျာ” ဟူသော အမည်ဖြင့်သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက်၍ နိုင်ငံသားစံနှုန်းများကို အခြေခံရေးဆွဲသော ဥပဒေသစ်ဖြင့် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများနှင့် အခြားပြည်သူတို့အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြစ်ရှိသည့် စစ်တပ်၏ တာဝန်ခံမှုများကိုဖော်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း များပါရှိသည်။၄။ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်မကွေးတိုင်းတို့မှ အိမ်ယာစွန့်ခွာရွှေ့ပြောင်းရသူများမှာ မေလ ၂၇ ရက်နေ့အထိ ၈၃၉၀၀ အထိရှိနေပြီဖြစ်ပြီး ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် မေလ ၂၉ ရက်နေ့အထိစာရင်းအရ ၈၀၀၀၀ ကျော်ရှိသွားပြီဖြစ်ပါသည်။ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့်  ကရင်၊ ကရင်နီ၊ ရန်ကုန်၊ ရှမ်း၊ ကချင်၊ မွန်၊ ချင်း၊ မန္တလေး၊ တနင်္သာရီ ဒေသများမှ နေရပ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အနေနှင့် သိန်း ၃၀၀၀ ခန့်တန်ဖိုးရှိ အကူအညီများပေးပို့ခဲ့ပြီးဖြစ်သည်။ ၅။ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အခြေခံမူဝါဒ ၂ , စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းများ၊ စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ၊ အရပ်သားပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိုက်နာရမည့် ကျင့်ဝတ်များပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ၃ ၊  တပ်မတော်သားများနှင့် သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက် ၄ များကို ထုတ်ပြန်ခဲ့သည်။ ၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို ယနေ့ မေလ ၂၉ ရက်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅၇။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ သဘောထားမှာ ပြည်သူသည်သာအဓိက၊ ပြည်သူ့ ကျန်းမာရေးသည် ပထမဖြစ်ပါသည်။ ကိုယ်ကျိုးစွန့်လျက်၊ အသက်ပေးလျက် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ပေး နေကြသော ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုပါသည်။ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိပါသည်။ လူတစ်ဦးချင်းစီနှင့် မိသားစုတစ်စုချင်းစီက ရောဂါကာကွယ်ရေး လုပ်ငန်းများ တိကျစွာလိုက်နာရန်၊ ရောဂါသံသယလက္ခဏာရှိသူများနှင့် မပြင်းထန်သော လူနာများ ဆောင်ရွက်ရန် လုပ်ငန်းများ၊ ပြင်းထန်သော လက္ခဏာရှိသည့် လူနာများအတွက် လုပ်ငန်းအဆင့်ဆင့်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဖေစ့်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားပြီး ပြည်သူများ သိရှိသင့်သည့်အချက်များကို အချိန်နှင့် တပြေးညီ ဖော်ပြသွားမည်ဖြစ်ပါသည်။ သံသယလူနာများ (၂၄)နာရီ ပြသနိုင်ရန် တယ်လီကျန်းမာစင်တာများကို ဖွင့်လှစ်၍ ကုသအကြံပေးသွားမည်ဖြစ်ရာ သတင်းထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ကာကွယ်ခြင်းက ကုသခြင်းထက် အဆပေါင်းများစွာ ကောင်းမွန်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို တစ်ဦးကိုတစ်ဦး အသိပေး၊ သတိပေး၍ သတိမလစ် ဆောင်ရွက်ရန် လိုပါသည်။၈။ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားများအတွက် ကျန်းမာရေးဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ UK ရောက်မြန်မာဆရာဝန်များမှ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့ online zoom lecture များကို၂၉-၃၀ မေလ weekend မှစတင်ပို့ချပေးလျက်ရှိပါသည်။ မြန်မာပြည်ရှိ CDM လုပ်နေသောဆရာများ၊ US နှင့် Australia ရောက်မြန်မာဆရာဝန်များနှင့် ပူးပေါင်း၍ သင်ခန်းစာ အချိန်များကို တိုးချဲ့သွားပါမည်။ ပထမနေ့တွင် zoom သတ်မှတ်ထားသော ၁၀၀၀ ပြည့်သွားသောကြောင့် ဒုတိယနေ့တွင် zoom live အပြင် ကျန်းမာရေးဝန်ကြီးဌာန Facebook page မှ live လွှင့်ရာ ကျောင်းသား ၂၀၀၀ ကျော်တက်ရောက်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆေးတက္ကသိုလ်များ ၏ သင်ရိုးညွှန်းတမ်းနှင့် UK ဆေးတက္ကသိုလ်များ (Leeds, Nottingham, Manchester, etc.) သင်ရိုးညွှန်းတမ်းအပေါ်အခြေခံ၍ ယနေ့မြန်မာပြည်အခြေအနေပေါ်မူတည်၍ သင်ကြားပြီး Emergency အခြေအနေ များကို ရှေးဦးစွာ ဦးစားပေးသင်ကြားပါမည်။ အပတ်စဉ် သင်ကြားမည့် အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန Facebook page ၅ မှ အချိန်နှင့် တပြေးညီ အသိပေးကြေညာပေးသွားမည်ဖြစ်ပါသည်။၉။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် Total ကုမ္ပဏီမှ အကြမ်းဖက်စစ်ကောင်စီသို့ စီးဝင်နေသော ဝင်ငွေတစ်စိတ်တစ်ပိုင်းဖြစ်သည့် အမြတ်ငွေခွဲဝေမှုအား ရပ်ဆိုင်းလိုက်သည့်အတွက် ကြိုဆိုပါသည်။ အဆိုပါအမြတ်ငွေများသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအတွက် အဓိကအထောက်အပံ့ပြုနေသော ဝင်ငွေများ ဖြစ်ပါသည်။ ယခုရပ်ဆိုင်းလိုက်သည့် အမြတ်ငွေသည် TOTAL ကုမ္ပဏီမှ အကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသော စုစုပေါင်းဝင်ငွေနှင့် နှိုင်းစာလျှင် မပြောပလောက်သည့် ပမာဏသာဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရရှိမြဲဝင်ငွေအများအပြားကို ဆက်လက်ရရှိနေမည်သာဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်ယန္တရားအား ဆက်လက်လည်ပတ် နေမည်သာဖြစ်သည်။ ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများအား အထူးတိုက်တွန်းလိုသည်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် အဓိက ကျသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ရောင်းချရသည့်ဝင်ငွေများအား ထိရောက်စွာ အမြန်ဆုံးဟန့်တားပိတ်ဆို့ဖြတ်တောက် အရေးယူကြရန် ဖြစ်သည်။ပိုမိုသိရှိလိုပါက လေ့လာရန် လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/123716479848992၂။ https://www.facebook.com/NUGmyanmar/posts/120535930167047၃။ https://www.facebook.com/NUGmyanmar/posts/121454170075223၄။ https://www.facebook.com/NUGmyanmar/posts/123219533232020၅။ https://www.facebook.com/MoHNUGMyanmar

Public Lecture (Series - 1, Session - III)

Public Lecture (Series - 1, Session - III)

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် Burmese American Community Institute (BACI) တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်သော Public Lecture Series-I (Session-III)Title: Federalism and Ethnicity – Part IISpeaker:         David WilliamsJohn S. Hastings Professor of LawExecutive Director, Center for Constitutional Democracy,Indiana University BloomingtonDate&Time: 7th August 2021 (Saturday) at Yangon Time (6:30)PM7th August 2021 (Saturday) at 8:00 AM EST ဩဂုတ်လ ၇၊ ၂၀၂၁ ခုနှစ် - စနေနေ့ မြန်မာစံတော်ချိန် ညနေ (၆:၃၀) နာရီ၊ Zoom Video Webinarအောက်ဖော်ပြပါ Link သို့ ဝင်ရောက်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။https://us02web.zoom.us/webinar/register/WN_QaPOwkwYQWWgvVEEfQMQjQ?fbclid=IwAR1YX_vc1CCz6ETqpMTBKTWeQIbGZplRBdOC0j_LrjjjCHDU34TCuCIASBULive လွှင့်မည် Facebook Page နှင့် YouTube ChannelFacebook Page: https://www.facebook.com/moeNUGMyanmar/YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQမြန်မာဘာသာသို့ ပြန်ဆိုပေးမည့် Translator/ Interpreter စီစဉ်ထားရှိပါသည်။

ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲ

ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ "Federal Dialogue Series” ဆွေးနွေးပွဲအား ကျင်းပလုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ဒုတိယနေ့အဖြစ် Prof. Dr. David Williams (Indiana University Bloomington) မှ ဦးဆောင်ဆွေးနွေးပြီး ဝန်ကြီးဌာနအသီးသီးမှ ပါဝင်တက်ရောက်သူများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။ "Federal Dialogue Series” ဆွေးနွေးပွဲတတိယနေ့ကို ၂၀၂၁ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။