"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပူးတွဲ ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၃)၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်) "မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"၁။ ဝေလူးကျေးရွာသည် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်မှ မိုင် (၄၀) ခန့် အကွာတွင် တည်ရှိကာအိမ်ခြေ (၈၀) ခန့်ရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့်ရွာဖြစ်၍ လူဦးရေမှာ အတန်အသင့် အနေများပြီး Dai (ဒိုင်) လူမျိုးအများစုနေထိုင်ကြကာ ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၁၈း၄၀) နာရီ အချိန်ခန့်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ မတူပီမြို့နယ် ဝေလူးကျေးရွာအလယ်သို့ တိုက်လေယာဉ်နှစ်စီးအသုံးပြုကာ တစ်စီးက Cluster Bomb ကဲ့သို့ ဆင့်ပွါးပြန်လည်ပေါက်ကွဲသည့်ဗုံးဖြင့် ဗုံးကြဲချပြီး ကျန်လေယာဉ် (၁) စင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့ပြီး အသက် (၅) နှစ် အရွယ်ကလေးအပါအဝင် (၄) ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ပါသည်။ ဝေလူးကျေးရွာဒေသခံများဖြစ်သည့် ဦးဟာလောင်း (၃၄)နှစ် နှင့်သား(၃)ဦးဖြစ်သည့် မောင်ရှမွေလ(၁၂)နှစ်၊ မောင်ကီးနွန်(၉)နှစ်၊ မောင်ညဏ်ဝင်းအောင်(၅)နှစ် တို့သေဆုံးသွား ခဲ့ပြီး  ဦးဟာလောင်း၏ဇနီးတွင်တစ်ကိုယ်လုံးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ ထို့အပြင် ဦးမိခ်ကာ၏ သားသမီးများဖြစ်သော မောင်ထန်ဟုန်း (၁၁) နှစ်၊ မောင်ဘွေကုန်းထန် (၇) နှစ်၊ မဇွန်လီဆန်း (၇) နှစ် တို့လည်း သေဆုံးခဲ့ပြီး အခြားသေဆုံးသူများမှာ ဦးသဲမ်းနိုင် (၃၅) နှစ် ၊ ဦးအွမ်စာ (၆၅) နှစ်၊ မလီလီမိုး (၅) နှစ်နှင့် မခိုင်ဇသင် (၁၁) နှစ်တို့ဖြစ်ပါသည်။၃။ အကြောင်းမဲ့လေကြောင်းမှတဆင့် ဗုံးကြဲခံရမှုကြောင့် ဒေါ်ခေးချိန်း၊ ဒေါ်နှီးချောမ်၊ ဒေါ်ပါမ်ဆောမ်၊ မလီကွီး(၅)နှစ် တို့သည်အပြင်းအထန်ဒဏ်ရာရရှိသောကြောင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ဝေလူးကျေးရွာ အတွင်းရှိ BCM.ဘုရားကျောင်း (၁)ဆောင်၊ စာသင်ဆောင် (၂) ဆောင်နှင့်  သွပ်မိုးပျဉ်ထောင်အိမ် (၁၈) လုံးတို့ပျက်စီးခဲ့ပြီး အုတ်ညှပ်အိမ် (၄)လုံး မီးလောင်ကျွမ်း ခဲ့သည်။၄။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သော စစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ အရပ်သားပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှု အပေါ် ထပ်တူနာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေး နိုင်ရေး အတူတကွ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက် (၂၁/ ၂၀၂၃)

သတင်းထုတ်ပြန်ချက် (၂၁/ ၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၂၁/ ၂၀၂၃)၁၃၈၅ ခုနှစ်၊ ‌သီတင်းကျွတ်လပြည့်ကျော် ၅ ရက်(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်)အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံနှင့် ကနေဒါနိုင်ငံတို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းများ၊ လက်နက်တင်သွင်းဖြန့်ဖြူးပေးနေသူများနှင့် ငွေကြေးထောက်ပံ့နေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်၁။ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအား ငွေကြေးဝန်ဆောင်မှုဆိုင်ရာတားမြစ်ချက် ထုတ်ပြန်ခဲ့မှုနှင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါနိုင်ငံတို့နှင့်အတူ ယူကေနိုင်ငံက အကြမ်းဖက်စစ်တပ်ထံသို့ လက်နက် တင်သွင်း ဖြန့်ဖြူးပေးသူများနှင့် ငွေကြေးထောက်ပံ့နေသူများအားဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။၂။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ မှုများသည် အကြမ်းဖက်စစ်တပ်၏ အဓိကအကျဆုံးဘဏ္ဍာငွေရေသောက်မြစ်ဖြစ်သည့် မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ်၌လည်းကောင်း၊ အကြမ်းဖက်စစ်တပ်အား လက်နက်၊ ပစ္စည်း၊ နည်းပညာ၊ ဘဏ္ဍာငွေကြေး စသည်ဖြင့် အထောက်အပံ့ပေးနေသည့် လူပုဂ္ဂိုလ် (၅) ဦးနှင့် စီးပွားရေး လုပ်ငန်း(၁)ခုတို့ အပေါ်၌လည်းကောင်း ပစ်မှတ်ထား အရေးယူခဲ့ခြင်း ဖြစ်ကြောင်းတွေ့ရှိရသည်။ ၃။ ယခုကဲ့သို့ အရေးပါသည့်ခြေလှမ်းတရပ် အကောင်အထည် ပေါ်ပေါက်လာခြင်းသည် အမေရိကန်ပြည်ထောင်စု နှင့် အခြားမိတ်ဖက်နိုင်ငံများအား ကမ္ဘာတဝန်းက မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူများ၊ အဖွဲ့အစည်းများက အတူတကွပူးပေါင်း၍ ကြိုးစားတိုက်တွန်းခဲ့မှုကြောင့်ဖြစ်ပါ သည်။၄။ ယခုအရေးယူပိတ်ဆို့မှုများသည် အကြမ်းဖက်စစ်တပ်၏ ပင်မရေသောက်မြစ် သွေးစွန်းငွေ စီးဝင်နေမှုများကို အတိုင်းအတာတခုအထိ ဖြတ်တောက်ပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက် ရက်စက်မှုများကို တားဆီးရာ၌ များစွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။ ယင်းဆောင်ရွက်ချက် များသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူများ၏ လွတ်လပ်လိုမှု အပေါ် တန်ဘိုးထား    သည့် ကျွန်ုပ်တို့မိတ်ဆွေများ၏ ခိုင်မာသည့်သန္နိဋ္ဌာန်ကို ထင်ဟပ် ပြသလျက် ရှိပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနှင့် စစ်မှန်သောဒီမိုကရေစီအနာဂတ်ခရီးလမ်း ဖြောင့်ဖြူးစေရေးတို့အတွက် ကြိုးပမ်း နေမှုများအပေါ် အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံနှင့် ကနေဒါနိုင်ငံတို့၏ အစဉ်တစိုက် အားပေး ထောက်ခံမှုများကို ကျေးဇူးတင်ရှိပါသည်။ ၆။ အဆိုပါမိတ်ဆွေနိုင်ငံများနည်းတူ နိုင်ငံတကာအသိုင်းအဝိုင်းရှိ အခြားမိတ်ဆွေ နိုင်ငံများ သည်လည်း အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများ၏ အဓိက ဘဏ္ဍာရေး အထောက်အပံ့ဖြစ်နေသည့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခြင်း၊ အကြမ်းဖက်စစ်တပ်သို့လေယာဉ်ဆီရောင်းချမှုအား တားဆီးပိတ်ပင်ခြင်း အပါအဝင် ပိုမိုကျယ်ပြန့်သည့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို အတူတကွပူးပေါင်း လုပ်ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။ ထိုကဲ့သို့ ပေါင်းစည်းညီညွတ်စွာ အရေးယူဆောင်ရွက်မှုများသည် ကျွန်ုပ်တို့ ပြည်သူများ ကို မိမိတို့၏အခွင့်အရေးနှင့် တန်းတူညီမျှမှုကို လေးစားစေလျက်၊ အိမ်နီးချင်းနိုင်ငံများနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သော ငြိမ်းချမ်း၍ သာယာဝပြောသည့် နိုင်ငံတော်သစ် ပေါ်ထွန်းလာစေရန် လမ်းပြကူညီပေးမည် ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် မူဝါဒ သဘောထားထုတ်ပြန်ချက်”

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် မူဝါဒ သဘောထားထုတ်ပြန်ချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ကြေညာချက်အမှတ် (၁၀/၂၀၂၃)“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် မူဝါဒ သဘောထားထုတ်ပြန်ချက်”အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်စပ်လျဉ်း၍  မူဝါဒသဘောထားကို ၂၀၂၁၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သော ‘‘အစိုးရအဖွဲ့ အစည်းအဝေး’’ တွင် ချမှတ်နိုင်ခဲ့ပါသည်။ ယခုအခါ မတရားအာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်ကောင်စီက NCA စာချုပ်ကိုအသုံးချ၍ နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးပမ်းမှုများ ဆောင်ရွက်နေခြင်း ကြောင့်သော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းတချို့က NCA စာချုပ်အရ ဖွဲ့စည်းခဲ့သော ‘‘ပူးတွဲစောင့် ကြည့်ရေးကော်မတီ’’ (JMC) ကို အသုံးချ၍ လူသားချင်းစာနာထောက်ထားရေးအကူအညီများကို အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် ကြိုးပမ်းမှုများရှိနေခြင်းကြောင့်သော်လည်းကောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မူဝါဒသဘောထားကို အများပြည်သူ သိရှိနားလည်နိုင်စေရန် အောက်ပါအတိုင်းထုတ်ပြန် ကြေညာအပ်ပါသည်။(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။ အကြမ်းဖက် စစ်တပ်နှင့် ချုပ်ဆိုထားသောစာချုပ်မဟုတ်ပါ။(၂) အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်းရုံမျှဖြင့် အစိုးရတရပ် ဖြစ်မလာပါ။ မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်ကောင်စီကို ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအားလုံးနှင့် ပြည်သူ လူထုတရပ်လုံးကသော်လည်းကောင်း၊ နိုင်ငံတကာကသော် လည်းကောင်း အစိုးရအဖြစ် အသိအမှတ် ပြုခြင်း လုံးဝမရှိပါ။(၃) ယနေ့အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ပြည်သူလူထုကို ကိုယ်စားပြုသော တရားဝင် အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာဖြစ်သည်။(၄) NCA စာချုပ်သည် အကြမ်းဖက် စစ်တပ်နှင့်ချုပ်ဆိုထားသော စာချုပ်မဟုတ်ခြင်းနှင့် မတရား အာဏာသိမ်းရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်ကောင်စီသည် တရားဝင် အစိုးရ မဟုတ်ခြင်းတို့ကြောင့် NCA စာချုပ်ကို အကောင်အထည်ဖော်ရန် အကြမ်းဖက် စစ်ကောင်စီတွင် တာဝန်လည်း မရှိ၊ လုပ်ပိုင်ခွင့်လည်းမရှိပါ။(၅) NCA စာချုပ်တွင် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း ‘‘အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများကို ရပ်ဆိုင်းထားကြောင်း’’ ၂၀၂၁၊ ဖေဖော် ဝါရီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU- Karen National Union)၊ တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် ‘‘စစ်အာဏာသိမ်းခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်နှင့် ဆွေးနွေးပွဲ လမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီးဖြစ်သည်’’ ဟု ထုတ်ပြန်ကြေညာခဲ့သည်။(၆) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ညှိနှိုင်းဆွေးနွေး သဘော တူညီချက်အရ ‘‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ’’ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘‘ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း’’ ပြုလုပ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုထားသော NCA အရ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်သည် အလိုအလျောက် ဦးတည်ချက်ပျောက်၍ အဓိပ္ပာယ်လည်း ကင်းမဲ့သွားကြပါသည်။ (၇) NCA စာချုပ်ကို အခြေခံ၍ ရေးဆွဲထားသော ‘‘နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်’’ နှင့် နိုင်ငံရေး ဆွေးနွေးပွဲယန္တရားများဖြစ်သည့် JICM၊ UPDJC နှင့် JMC တို့သည်လည်း ဦးတည်ချက်ပျောက်ကာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အလိုအလျောက် ပျက်ပြယ် ရပ်တန့်သွားခဲ့ကြပါသည်။(၈) ယခုအခါ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော နိုင်ငံရေးအခြေခံမူများနှင့်လုပ်ငန်းစဉ်အဆင့်ဆင့်ကိုဖော်ထုတ်ရန် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ပြီး၊ ယင်းတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးလမ်းပြမြေပုံများကိုဖော်ပြထားပါသည်။ထို့ကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသာမက နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ်တွင်သာ အခြေခံ၍ ဆောင်ရွက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက လေးနက်စွာ ခံယူထားပါသည်။(၉) အကြမ်းဖက်စစ်ကောင်စီသည် NCA ကို အသုံးချ၍ နိုင်ငံရေးထွက်ပေါက်ရှာရန် နိုင်ငံရေး အင်အားစုများအကြား သဘောထားကွဲလွဲမှုများ၊ ရှုပ်ထွေးမှုများဖြစ်လာစေရန် အကွက်ဆင် ဖန်တီးလျက်ရှိကြောင်း တွေ့ရှိပါသည်။ ထို့အပြင် NCA စာချုပ်ကို အခြေခံ၍ ဖွဲ့စည်းထားသော ‘‘ပူးတွဲစောင့်ကြည့်ရေးကော်မတီ’’ (JMC) ကို အသုံးချ၍ ‘‘လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ’’ ပေးအပ်ခြင်း ကို ဆောင်ရွက်မည်ဟုလည်း ကြားသိရပါသည်။ ယင်းလုပ်ရပ် များသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို ဦးတည်သည့် ဆောင်ရွက်ချက်များ ဖြစ်သောကြောင့် အသိအမှတ်ပြုလက်ခံမည်မဟုတ်ပါ။ NCA စာချုပ်ကို အကြောင်းပြု၍ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းမှန်သမျှ ကိုလည်း အသိအမှတ်ပြုမည် မဟုတ်ပါ။(၁၀) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါနိုင်ငံရေးလမ်းပြမြေပုံ၏ဦးတည်ချက်သည် Regime Change မဟုတ်၊ System Change ဖြစ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနှင့် စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စီမံချက်များကို ထိုလမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည်။(က) အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းရန် ကြိုးပမ်းမှုမှန်သမျှကို အပြီးသတ် ဖယ် ရှားမည်။(ခ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းပြီး ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (TNUG) ကို ဖွဲ့ စည်းမည်။ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အသွင် ကူးပြောင်းရေးကာလ အစိုးရများကို လည်း ဖွဲ့စည်းမည်။(ဂ) အသွင်ကူးပြောင်းရေးကာလတွင် အားလုံးပါဝင်သော ‘‘တိုင်းပြုပြည်ပြုညီလာခံ’’ ကို ခေါ်ယူ ကျင်းပပြီး အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းမည်။(ဃ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ အမြဲတမ်း ကျင့်သုံးမည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ စစ် တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်း အလျှင်းမရှိစေရဟူသော ‘‘မူ’’ ကို အခိုင်အမာ ပြဋ္ဌာန်းပေးရမည်။ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့အားလုံးသည် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှု အောက်တွင် အပြည့်အဝထားရှိရမည်ဟူသော ‘‘Civilian Supremacy’’ ကို ပြဋ္ဌာန်း ကာကွယ်ရမည်။(င) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဖော်ဆောင်ပြီး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးကို ဖော်ဆောင် ရမည်။(စ) စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိစေရဟူသော ‘‘မူ’’ နှင့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့အား လုံးသည် အရပ်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောက်တွင် ထားရှိရမည်ဟူသော ‘‘မူ’’ တို့ကို အခြေခံ၍ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေးကို ဦးတည်သည့် လုံခြုံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရမည်။(ဆ) အသွင်ကူးပြောင်းရေးကာလဆိုင်ရာအစီအမံများကို စနစ်တကျဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော နိုင်ငံတကာ အထောက်အကူများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည်။အမျိုးသားညီညွတ်ရေးအစိုးရ

ကြေညာချက်အမှတ် (၆/၂၀၂၃)

ကြေညာချက်အမှတ် (၆/၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.orgကြေညာချက်အမှတ် (၆/၂၀၂၃)၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၁။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai ၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှု များသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက် ရာရောက်သည်ဟု ရှုမြင်လက်ခံသည်။၂။ အထူးသဖြင့် မတရားဖမ်းဆီး၍ အကျဉ်းထောင်ထဲတွင် တစ်ဦးတည်းသီးသန့် ချုပ်နှောင်ခံထားရသောကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင် ခြင်း မရှိသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော၊ တရားဝင်မှုအလျဉ်းမရှိသော ပြောဆိုမှုများသာဖြစ်သည်။၃။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရများ ထွန်းကားစည်ပင်လာစေရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်စေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လည်း တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား အရာသွင်း ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် အဆိုပါရလဒ်ကောင်းများ မည်သည့်အခါမျှ ရရှိလာလိမ့်မည် မဟုတ်ကြောင်း အလေး အနက်အသိပေးလိုသည်။၄။ မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်သည်။၅။ ထိုရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားသော တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံ၍ စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိက ဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။၆။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တ ချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု အသိပေး အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”နိဒါန်း၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့သည် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေး အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး မဲပေးပိုင်ခွင့် ရှိသူဦးရေ၏ ၇၅.၉၆ ရာခိုင်နှုန်းမဲပေးခဲ့ကြသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံကာ ပေါ်ပေါက်လာခဲ့သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၀ ရွေးကောက်ပွဲမှရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကိုကိုယ်စားပြုသည့် နိုင်ငံရေးအင်အားစုများနှင့် အခြားနည်းလမ်းများဖြင့် ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကိုကိုယ်စားပြုသော နိုင်ငံရေးအင်အားစု များ၏ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ သဘောတူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်မှာ (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါ (၂) နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက ပေးအပ်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရတစ်ရပ်အဖြစ် တာဝန်များကို တော်လှန်ရေးအင်အားစု များအားလုံးနှင့် လက်တွဲကာ ဦးလည်မသုန် ကြိုးစားထမ်းရွက်လျက်ရှိကြောင်း ပြည်သူလူထုထံသို့ အစီရင်ခံ တင်ပြအပ်ပါသည်။ နိုင်ငံတကာဆက်ဆံရေး၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၂) နှစ်တာအစိုးရသက်တမ်းတွင် နိုင်ငံခြားရေး၀န်ကြီးဌာနသည် အာဆီယံ, EU အပါအ၀င် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို နိုင်ငံတကာကသိရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေး၊ အမျိုးသားညီညွတ်ရေး အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၄င်းတို့၏ဆက်စပ် မိသားစုဝင်များအား စီးပွားရေးအရပိတ်ဆို့ အရေးယူနိုင်ရေး၊ နိုင်ငံတကာခုံရုံးတွင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရေး တို့အတွက် တောင်းဆို မှုများ၊ ဆွေးနွေးမှုများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဌများ၊ လွှတ်တော်အမတ်များ၊ US သမ္မတဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး တို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံစတဲ့ နိုင်ငံပေါင်း (၈) နိုင်ငံတွင် ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသော မြန်မာ နိုင်ငံသားများအရေးနှင့် ရွှေ့ပြောင်းပြည်သူများ၊ ပြည်ပတွင် အခက်အခဲကြုံနေရသော ပြည်သူများကို အကာအကွယ်ပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပေဒ ၂၀၂၃ တွင် The Burma Act of 2022 ကို ပေါင်းစပ်ထည့်သွင်းနိုင်ရန် ကြိုးပမ်းခြင်းနှင့် နိုင်ငံပေါင်း (၇) နိုင်ငံရှိ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်းများကို ပြုလုပ်ခဲ့ပါသည်။  ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” နှင့်အညီ ရိုဟင်ဂျာပြည်သူများ မိမိတို့နေရပ်သို့ မိမိတို့ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည်အခြေချ နေထိုင်ရေးနှင့် ဥပဒေအရ တန်းတူအခွင့်အရေးရနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပါသည်။ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများအတွက် ဤတော်လှန်ရေး ကာလအလွန်တွင် တရားမျှတ မှုရရှိရေးအတွက် ၎င်းတို့ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး သက်သေခိုင်လုံသော (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေဆဲအမှုဖြစ်သော ရိုဟင်ဂျာပြည်သူများ             အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကနဦးကန့်ကွက်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ (၁) ရက် ၂၀၂၂ တွင် ပေးပို့အကြောင်းကြားခဲ့ပါသည်။ ကျွမ်းကျင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံ၏တရားစီရင်ရေးဆိုင်ရာယန္တရား (universal jurisdiction) ကိုအသုံးပြုကာ စစ်ကောင်စီအား ဂျာမနီ၊ အာဂျင်တီးနားနှင့် တူရကီတို့တွင် တရားစွဲဆိုထားပြီး အခြားနိုင်ငံများတွင်လည်း ဆက်လက်စွဲဆိုနိုင်ရန် ကြိုးပမ်းနေသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တွင်လည်း စစ်ကောင်စီအား အမှုတင်သွင်း အရေးယူနိုင်ရန် ရောမသဘောတူစာချုပ် (Rome Statute) ၏ ပုဒ်မ ၁၂(၃) နှင့် အညီတရားစီရင်မှုကိုလက်ခံကြောင်း ဇူလိုင်လ (၁၇) ရက် ၂၀၂၁ တွင်တင်သွင်းခဲ့ကာ အမှန်တရားနဲ့တရားမျှတမှုကိုရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။စစ်ရေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံမှုအခြေအနေ၃။ တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊  ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း(၂၅၀)ကျော်တွင် စနစ်တကျဖွဲ့စည်းတည်ထောင်ထား ပြီး လူအင်အား (Man Power) အရ မိမိတို့၏တိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် ဤအချိန် (၂) နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့သည်။မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee - C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee - J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိသည်။ အစိုးရသက်တမ်း (၂) နှစ်တာ ကာလအတွင်း မဟာမိတ် ERO များနှင့် ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်တွင် စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command  တည်ဆောက် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုတရပ်လုံး၏ လှူဒါန်းကူညီမှု၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှုတို့ကြောင့် PDF တပ်မတော်အတွက် လက်နက်တပ်ဆင်မှုကို အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍ သည်လည်း များစွာအောင်မြင် ပေါက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်အင်အား အခြေအနေသို့ရောက်ရန်၊ လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိနိုင်ရန်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ “ကျေးလက်ကို အခြေပြု၊ မြို့ပြကို ဝန်းရံ” ဟူသည့် အခြေခံ ပြောက်ကျားစစ်နည်းဗျူဟာနှင့်အညီ ယခုအခါ ကျေးလက်ဒေသအများစုကို မိမိတို့စိုးမိုးနယ်မြေအဖြစ် တည်ဆောက်ခဲ့နိုင်ပြီး တော်လှန်ရေး၏ နောက်တဆင့်အဖြစ် မြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေး၊ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများ (Line of Communication) ကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။ စစ်မဟာဗျူဟာအရ ခံစစ် (Phase of Strategic Defense) ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလ (Phase of Strategic Equilibrium) သို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ (Phase of Strategic Counter Offensive) သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။ မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃သောင်းခန့် ထိခိုက်သေဆုံးသည် အထိ ချေမှုန်းနိုင်ခဲ့ပြီး  (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ စစ်အာဏာသိမ်းမှုကို လက်မခံသည့် တပ်မတော်သားနှင့်ရဲ (၁၃,၀၀၀)ဦးကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့သည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ဖွဲ့စည်းပြီး ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများအား မူဝါများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များကို (၁၇၁) မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း (၁၀) ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ အုပ်ချုပ်ရေးရုံးများနှင့်အတူ ပြည်သူလူထုဘဝလုံခြုံစေရန် ရည်ရွယ်လျက် ပြည်သူ့ရဲတပ်ဖွဲ့ကို ဇွန်လ (၇)ရက် ၂၀၂၂ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကြားကာလအုပ်ချုပ်ရေး နယ်မြေ ဒေသများတွင် ရဲတပ်ဖွဲ့ဝင်အင်အား (၁၉၆) ဦးနှင့် အခြေခံရဲသင်တန်းများပို့ချခြင်း၊ ရဲမှုခင်းများစစ်ဆေးခြင်း၊ စစ်ကောင်စီ၏သတင်းများ စုဆောင်းပြီး အကြမ်းဖက်နှိမ်နှင်းခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါနယ်မြေများတွင် အခွန်စနစ်ကိုလည်း စတင်ကျင့်သုံးနေပြီး ယနေ့အချိန်အထိ အခွန်နှင့် ဒဏ်ကြေးအတွက် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော်ကောက်ခံရရှိပြီး ဖြစ်ပါသည်။ ၎င်းအခွန်ဘဏ္ဍာငွေများကို မြို့နယ်များအတွင်း လိုအပ်လျက်ရှိသော ဒေသကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် လူသားစာနာလုပ်ငန်းများတွင် ပြန်လည်ခွဲဝေသုံးစွဲလျက်ရှိပါသည်။ ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီများနှင့်လည်း ပုံမှန်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်၍ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု များကို တိုင်ပင်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလနှင့် အသွင်ကူး ပြောင်းရေးကာလများတွင် ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်နှင့် တရားဥပဒေ စိုးမိုးစေရန် ရည်ရွယ်၍ တရားရေးရာဝန်ကြီးဌာနကို ဇွန်လ (၅) ရက် ၂၀၂၁ခုနှစ်တွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်လျက် ရာဇဝတ်မှုနှင့် တရားမမှုများကို ဖြေရှင်းဆောင်ရွက်နေပြီဖြစ် သည်။ မဟာမိတ်ဆက်ဆံရေး၅။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့်လည်း ၎င်းတို့သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ပိုမိုအားကောင်းသောဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း မဟာမိတ်ဆက်ဆံရေး ကော်မတီ (ARC) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို လက်တွဲညှိနှိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။မဟာမိတ်ဆက်ဆံရေးကော်မတီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်း ERO များအပါအဝင်၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေးအင်အားစုများ၊ အတိုင်ပင်ခံကောင်စီများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီဆိုင်ရာကိစ္စများအပါအဝင် စစ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ဖြုတ်ချနိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များရရှိကာ ယခုထက်ပိုမိုသည့် ပူးပေါင်းဆောင်ရွက်မှုများကို စုစည်းညီညွတ်စွာ ဖော်ဆောင်နိုင်ရေး ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၆။ ပြည်သူလူထု၏ ပညာရေးအဆက်ပြတ်မှု မဖြစ်စေရေးအတွက်  CDM ဆရာ/မများ၊ ပညာရေးဝန် ထမ်းများ စုစုပေါင်းအင်အားတစ်သိန်းခွဲကျော်ဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးဝမ်းကျောင်း ပညာနှင့် ဆရာအတတ်သင်ပညာရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် online, on ground သင် ကြားရေး များအပြင် Digital Based Learning စနစ်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော online ကျောင်း (၇၀)ကျော်ရှိပြီး အသိအမှတ်ပြုမူဝါဒနှင့်အညီ ဖွင့်လှစ် သင်ကြားခြင်း၊ on ground ကျောင်းပေါင်း (၅၀၀၀) ကျော်၊ ဆရာ/မပေါင်း (၆၀,၀၀၀) ကျော်နှင့် ကျောင်းသား/ သူပေါင်း (၇၅၀,၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို (၃၀၄) မြို့နယ်တွင်ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါ်လစီကို NUG-NUCC ပူးပေါင်းလုပ်ငန်းကော်မတီ၏ ပူးပေါင်းပါဝင်မှုနှင့် ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ အခြေခံပညာညီလာခံ၊ အဆင့်မြင့်ပညာညီလာခံတို့ကို ကျင်းပနိုင်ခဲ့ကာ အဆိုပါညီလာခံများမှရရှိသော ဆွေးနွေးဆုံးဖြတ်ချက်များကို အခြေခံ၍ ပညာရေး အကောင်အထည်ဖော်မှုများ ဆောင်ရွက်နေပါသည်။ BECA (Basic Education Completion Assessment) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ online, offline ဖြေဆိုခဲ့ရာ online အနေဖြင့် ကျောင်းသားပေါင်း (၂၁၀၀၀) ကျော်ဖြေဆိုခဲ့ပြီး စာစစ်ဌာန (၃၂၉) ခုတွင် ကျောင်းသားပေါင်း (၃၈၈၇၇) ဦးဖြေဆိုခဲ့သည်။  PDF ရဲဘော်များလည်း ပါဝင်ဖြေဆိုခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် ၆.၆ဘီလီယံခန့် (USD ၂.၃ မီလီယံ) လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါသည်။ တစ်လလျှင် ပျမ်းမျှစစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ပါသည်။ အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများ ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ ပြည်သူကလှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉) လုံးဆောက်လုပ်ပေးပြီးဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှု လျှော့ချနိုင်ရန် ရန်ပုံငွေကျပ် (၁၁၉) သန်းခန့်အသုံးပြု၍ ကြားကာလပညာရေးဖော်ဆောင်နေသော စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်သည်။ထို့အပြင် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ စာစောင်များထုတ်ဝေ ဖြန့်ဖြူးခြင်းနှင့်စာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်ခန်း များ ဆောင်ရွက်ပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူသားစာနာတာဝန်ခံ စုစုပေါင်း       (၃၅၂) ဦးကိုလည်း အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများ ပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက် စစ်ဘေးရှောင် ပြည်သူအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၃၉) မြို့နယ် တွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာ     ကိုလည်း အလှူရှင်နိုင်ငံများ၊ ကုလသမဂ္ဂနှင့်အာဆီယံသို့ ဖြန့်ချီပေးပို့ခဲ့ပါသည်။ ထို့အပြင် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးကင်းလုံခြုံသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်များ ဖော်ဆောင်နိုင်ရန် အလို့ငှာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အားလုံးပါဝင်သော လူသားချင်းစာနာကူညီမှုဆိုင်ရာဖိုရမ်တစ်ခု ကျင်းပနိုင်ရေးကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပါသည်။ Mind Healer စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှ အကူအညီလိုအပ် သူများအား နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းကိုလည်း ပြုလုပ်ပေးလျက်ရှိရာ စုစုပေါင်း ပြည်သူ (၈၂၃) ဦးနှင့် CDM ဝန်ထမ်း (၄၂၂) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ထောင်တွင်းမတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသူများနှင့်လိင်စိတ်ကွဲပြားသူ(၄၆၉) ဦး၊ လူငယ် နိုင်ငံရေး အကျဉ်းသား (၄၀၀) ဦး၊  ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ (၁၁၁,၉၁၄) ဦး၊ အရေးပေါ် အခြေအနေတွင် နေထိုင်ရန်လိုအပ်မှုနှင့် camp အုပ်ချုပ်မှုသင်တန်း (၃,၀၀၀) ဦးတို့ကို ထောက်ပံ့ပေး           ခဲ့သည်။ ထို့အတူ ကလေးများအပေါ် စစ်ကောင်စီမှကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ ကလေးသူငယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် စုဆောင်း ခြင်း၊ ကလေးစစ်သားစုဆောင်းမှုတားမြစ်ခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရမှုများအား ကုသမှုပေးခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးသူများအား ခြေတုလက်တုတပ်ဆင်ပေးခြင်း၊ အရေးပေါဗိုက်ခွဲကလေးမွေးဖွားပေးခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေး လျက်ရှိပါသည်။ပြည်သူလူထုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံ/ဆေးခန်းများအား အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းရန်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုစသည့် အကြမ်းဖက် လုပ်ရပ်များမှကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စာသင်ကျောင်းများ၊ ဆေးရုံများတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် အရေးပေါ်ရှေးဦးသူနာပြုစုရေးတို့အတွက် လိုအပ်သောသင်တန်းများနှင့် အရေးပေါ်ဆေးအိတ် ဝယ်ယူရေးအတွက် ထောက်ပံ့မှုများကိုလည်း ပြုလုပ်လျက်ရှိပါသည်။ မြေပြင်တွင် ဆေးရုံပေါင်း (၆၆) ခု၊ ဆေးခန်းပေါင်း (၁၅၉) ခု၊ ရွေ့လျား ဆေးခန်းပေါင်း (၂၅၀) ကျော်တို့ဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်ပေါင်း (၁၉၈) မြို့နယ် (တစ်နိုင်ငံလုံး၏ ၆၀ %) တွင် မြို့နယ်ကျန်းမာရေးတာဝန်ခံများရှိပြီး ဝန်ကြီးဌာနနှင့်လက်တွဲ ချိတ်ဆက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးလုပ်သားစုစုပေါင်းမှာ (၃,၈၃၂) ဦးဖြစ်ကာ ကျန်းမာရေးလုပ်သားများ၏ (၇၈%) မှာ CDMers များဖြစ်သည်။ ထိုလုပ်သားစုစုပေါင်းထဲတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၌ရှိသော ကျန်းမာရေးလုပ်သားများအင်အားပါဝင်ခြင်း မရှိသေးပါ။ ကျန်းမာရေးအသုံးစရိတ် အနေဖြင့်  အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲခဲ့ပြီးဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ၇။ အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော CDM ပြည်သူ့သားကောင်းများအား ပံ့ပိုးကူညီမှု ပေးနိုင်ရေးအတွက်  ၂၀၂၁ ဧပြီလ ၂၇ ရက်နေ့တွင်  အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ CRPH ကိုယ်စားလှယ်များပါဝင်၍ CDM Success Committee အားဖွဲ့စည်းခဲ့ကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် CDM ကွန်ယက်ချိတ်ဆက်ခြင်း၊ CDM ဆောင်ရွက်မှုအစီရင်ခံစာအား ၂၀၂၁၊ စက်တင်ဘာလတွင် UN Credential အတွက် ထုတ်ပြန်ခြင်း၊ CDM လှုပ်ရှားမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် CDM အချက်အလက်အစီရင်ခံစာအား ထုတ်ပြန်ခြင်း၊ CDM စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် CDM ဆုချီးမြှင့်ရေးနှင့် လစာဘတ်ဂျက်တွက်ချက်မှုများ ဆောင်ရွက်ခြင်း၊ နှစ်ပတ်လည်လုပ်ငန်း တိုးတက်မှုဆိုင်ရာ စစ်တမ်းကောက်ယူ၍ ပိုမိုကောင်းမွန်သောလုပ်ငန်းစဥ်များ ဖော်ဆောင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ CDM Success Committee နှင့်ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀၆၃၉) အနက်မှ (၂၀%) နှုန်းခန့်၏ အရေးပေါ်လိုအပ်ချက်များအတွက်  မြန်မာကျပ်ငွေသန်း (၄,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနအလိုက် CDM ဝန်ထမ်းများအား အသီးသီး ကူညီထောက်ပံ့လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း CDM/ Non CDM မူဝါဒမူကြမ်းအား နိုင်ငံ့ဝန်ထမ်း CDMများ၏ သဘောထားခံယူဆွေးနွေးရေးသားခဲ့ပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ပေးခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြုထုတ်ပြန်ထားသည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” အပိုဒ် (၃) နှင့်အညီ ဥပဒေကြမ်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် CDM အောင်မြင်ရေးကော်မတီသည် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဥပဒေမူကြမ်းရေးဆွဲလျက်ရှိပါသည်။ဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ကမ်ပိန်းအား ဆောင်ရွက်ခဲ့ခြင်းနှင့် CDM Product များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ MSME ချေးငွေများထုတ်ပေးနိုင်ရန်နှင့် တော်လှန်ရေးအတွက် လိုအပ်သောကဏ္ဍများအတွက် ပံ့ပိုးကူညီနိုင်ရန် ရံပုံငွေရှာဖွေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကာ ကျပ်သိန်းပေါင်း (၁၇၁,၆၇၇,၄၄၀) ထိ ကူညီပံ့ပိုးနိုင်ခဲ့သည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းစစ်ကာင်စီထံ စီး၀င်လာမည့် ဘဏ္ဍာငွေကြေးအထောက်အပံ့များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးမူဝါဒ (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေဖြတ်တောက်ပိတ်ဆို့ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၊ တော်လှန်ရေးအစုအဖွဲ့များ၊ CSO/CBO များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ကုန် ပစ္စည်းများကို မသုံးစွဲရေး (Boycott) ပြုလုပ်ရန် စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်ကြေညာထားပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အောင်လံလွှင့်ချီနွေဦးထီ၊ United Bond, EOD, Early Partnership Program, NUGPay, အခွန်၊ အကောက်၊ ဒဏ်ကြေးစသည်တို့မှရရှိသော ဝင်ငွေနှင့်သုံးစွဲမှုခြေပြဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။နိဂုံး၉။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်တာအစီအမံ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် ရေးနှင့် စိန်ခေါ်မှုများအားကျော်လွှားနိုင်ရေးတို့ကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ကာ အဆုံးသတ်တိုက်ပွဲ အတွက် အဆုံးအဖြတ်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒအပေါ် အခြေခံထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများအားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆီသို့ ပြည်သူလူထုက ဆုံးဖြတ်ပြဌာန်းသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် လမ်းကြောင်းအတိုင်း ဦးလည်မသုန် ချီတက်ခရီးဆက်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြု အစီရင်ခံအပ် ပါသည်။

“ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

“ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက်အမှတ်(၂၆/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်“ရန်ကုန်-ဒလ ကူးတို့သင်္ဘော ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၁။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်-ဒလ ကူးတို့သင်္ဘောပေါ် ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အရပ်သား ပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အထူး ဝမ်းနည်းကြေကွဲ စိတ်ထိခိုက်ရပါသည်။ ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူများ၏ မိသားစုများနှင့် ထပ်တူရှိနေပါကြောင်းလည်း ဖော်ပြလိုပါသည်။၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဤအကြမ်းဖက်လုပ်ရပ်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြစ်တင်ရှုတ်ချသည်နှင့် တချိန်တည်းမှာပင် အမှန်တကယ် ကျူးလွန်သူများကို ဖော်ထုတ် အရေးယူနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်များ ချမှတ်ထားပြီးဖြစ်သလို စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်တွင်လဲ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရဟု တရားဝင် ပြဌာန်းထားပြီးဖြစ်ရာ အရပ်သားလူထု ဘေးအန္တရာယ် ထိခိုက် စေနိုင်သည့် အခြေအနေရှိပါက အကြမ်းဖက်စစ်ကောင်စီကိုတိုက်ခိုက်ရေး စီစဉ်ထားသည့် လုပ်ငန်းများ ကိုပင် ပယ်ဖျက်ခဲ့ဖူးသည့်သာဓက အမြောက်အများရှိပြီးဖြစ်သည်။ သို့ပါ၍ ဤအကြမ်းဖက် လုပ်ရပ်သည် မိမိတို့နှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း ယတိပြတ်ငြင်းဆိုသည်။၄။ စစ်အာဏာရှင်တို့သည် ယင်းတို့အာဏာ တည်မြဲရေးအတွက် ပြည်သူလူထု၏စိတ်သဏ္ဍာန်တွင် အကြောက်တရားနှင့် စိုးရိမ်ထိတ်လန့်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတိတ်ဖြစ်ရပ်များစွာ သာဓကအနေဖြင့် ရှိခဲ့ပြီးဖြစ်သကဲ့သို့  ဆက်လက် လုပ်ဆောင်ရန်လဲ ဝန်မလေးကြောင်း လက်ရှိအကြမ်းဖက်စစ်အုပ်စုက သက်သေပြပြီး ဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရေး မပြတ်သောသတိဖြင့် နေထိုင်လုပ်ကိုင်ကြပါရန်   အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် (၉/၂၀၂၂)

အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် (၉/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် (၉/၂၀၂၂)၁၃၈၄ ခုနှစ်၊ နတ်တော်လဆုတ် (၁၃)ရက်(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ  ၂၀ ရက်)၁။​ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို‌သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  ပြည်သူ့ရင်ခွင် မခိုလှုံနိုင်‌သေးသည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စစ်ကောင်စီ ယန္တရားအတွင်း  များစွာကျန်ရှိနေပါသေးသည်။  ၎င်းတို့ထဲမှ အချို့သည် ပြည်သူနှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွက် အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်ပေါင်းများစွာ ချိတ်ဆက်ပေးပို့နေသည့် ပြည်သူ့အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ရှိနေကြပါသည်။၂။​တော်လှန်ရေးနှင့်စစ်ရေးအရှိန် မြှင့်လာသည်နှင့်အမျှ သတင်းလိုအပ်ချက်လည်း ကြီးမားစွာ ရှိလာသည်နှင့်အတူ အမာခံသတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသည့် သူရဲကောင်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမာခံသတင်းပေးပို့သူ(ဖရဲသီး)ဖိတ်ခေါ်ခြင်း အစီအစဥ်တစ်ရပ်ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။(က)​အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။( ခ)​အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရန် အပြည့်အဝ တာဝန်ယူ အာမခံအပ်ပါသည်။( ဂ)​ပြည်သူ့အမာခံ သတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသူများအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဌာနသို့ချိတ်ဆက်ပြီး  သတင်းအချက်အလက်များ လုံခြုံစွာပေးပို့နိုင်မည့်အပြင် သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ ချီးမြှင့်ငွေများကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။(ဃ)​ပြည်သူ့အမာခံ သတင်းပေးပို့သူ (ဖရဲသီး)များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်း၌လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌လည်းကောင်း ပြည့်ဝစွာ ခံစားရမည် ဖြစ်သည်။ ထို့အပြင် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သူများသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၏ အကျိုးခံစားခွင့်များကိုလည်း ရရှိခံစားရမည်ဖြစ်သည်။( င)​ထို့ကြောင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်ရေးအား စစ်ကောင်စီ ယန္တရားအတွင်း မှာပင်နေ၍ လုပ်ဆောင်နိုင်မည့်အပြင် ချီးမြှင့်ငွေများလည်း ရရှိခံစားနိုင်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှုအာမခံချက်ကိုလည်း ရရှိမည်ဖြစ်သဖြင့် အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြရန် စစ်ကောင်စီယန္တရားအတွင်းရှိ အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို တိုက်တွန်းဖိတ်ခေါ်လိုက်သည်။ဆက်သွယ်ရန် -Telegram - http://t.me/MyanmarPeopleFacebook - https://www.facebook.com/PeoplesEmbraceကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် ထုတ်ပြန်ကြေညာချက်

အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန⇝⇝⇝⇝✥⇜⇜⇜⇜အီးယူ-အာဆီယံထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် (၁၉/၂၀၂၂)ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်⇝⇝⇝⇝✥⇜⇜⇜⇜ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အတည်ပြုချမှတ်ခဲ့သော အီးယူ-အာဆီယံ ထိပ်သီး အစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်အပေါ် ကြိုဆိုပါသည်။အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်း စာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးတို့အတွက် တောင်းဆို ထားကြောင်း တွေ့ရှိရသည်။ အီးယူနှင့် အာဆီယံခေါင်းဆောင်များအနေဖြင့် ယခုနှစ် ဇူလိုင်လ အတွင်းက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးအား အကြမ်းဖက်စစ်အုပ်စုမှ မတရား ကွပ်မျက်ခဲ့ခြင်းအား ရှုတ်ချခဲ့ပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အား “သက်ဆိုင်သည့် အဖွဲ့ အားလုံးနှင့် အပြည့်အဝ ထိတွေ့ဆက်ဆံ၍ ယုံကြည်မှု” တည်ဆောက်ရန် တောင်းဆိုခဲ့ပါသည်။ ယခုကဲ့သို့ တောင်းဆိုမှုများအား ကြိုဆိုသော်လည်း ယင်းတောင်းဆိုမှုများသည် အသစ်အဆန်း မဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါဝင်ဘဲ ကျန်ရှိနေသည်ကို တွေ့ရှိ ရသည်။ပူးတွဲကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်း မရှိသည့်အပြင် တရားမဝင် အကြမ်းဖက် စစ်အာဏာရှင်များ၏ ကြမ်းကြုတ်ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြရန်လည်း ပျက်ကွက်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်သည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အခိုင်အမာဆက်လက်တည်ရှိရေးကို ထင်ဟပ်သည့် ငြိမ်းချမ်းသော ဖြေရှင်းချက်ဆီသို့ ဦးတည်စေရန် 'နှစ်ဆတိုး' စုပေါင်းကြိုးပမ်းမှုများ ဖော်ဆောင်သွားမည့် အီးယူ-အာဆီယံ ကတိကဝတ်အား ဖော်ညွှန်းထားသည်ကို ထင်ရှားစွာ တွေ့မြင်ရသည်။လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ကတိကဝတ်ပြုထားသည့် အီးယူ-အာဆီယံ ကတိကဝတ်ပြုမှုသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကိုသာ အတည်ပြု လက်ကိုင် ထား၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းမှု အားလုံးကို တားဆီးပိတ်ပင်ခြင်းဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒအား လေးစားမှုကို ပြသရမည် ဖြစ်သည်။ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံရမည်ဖြစ်ပြီး အကြမ်းဖက် စစ်အုပ်စု၏ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းတို့အား ပယ်ချရမည် ဖြစ်သည်။ လေယာဉ်ဆီ ရောင်းချနေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်း အပါအဝင် အကြမ်းဖက် အပြစ်မဲ့အရပ်သားများအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ် လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းအား ဖြိုဖျက်နိုင်ရန်အတွက် ထိရောက်သည့် ဆောင်ရွက်မှုကို တောင်းဆိုရမည်ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်သည့် ဖိအားများပေးရန် လိုအပ်သည်။ဒေသတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု ကြောင့် ဖြစ်ပေါ်နေသော ဘက်ပေါင်းစုံ အကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှ ဆောင်ရွက်မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုများအား အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပါသည်။နိဂုံးချုပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အီးယူကဲ့သို့သော ပြင်ပမိတ်ဖက်များထံမှ ပံ့ပိုးကူညီမှုကို ထပ်လောင်းတောင်းဆိုသည့် အာဆီယံ၏ တောင်းဆိုချက်အား အသိအမှတ်ပြု ပါသည်။ အပြန်အလှန်အားဖြင့် အာဆီယံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံ အပေါ် အရေးယူဆောင်ရွက်မှုနှင့် နိုင်ငံတကာ၏ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများ အပေါ် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ