အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအား ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၁၃ / ၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၇ ရက်နေ့
(၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၄ ရက်)
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအား ခန့်အပ်တာဝန်ပေးခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ယခင် ခန့်အပ်တာဝန်ပေးထားသော ပြည်ထောင်စုဝန်ကြီးများသည် ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်များ များပြားသောကြောင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် (၂) ဦးကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်သည် -
(က) ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး)
(ခ) ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး)
၂။ (က) အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီး၏ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ၎င်းတို့၏ဝန်ကြီးဌာနများနှင့် သက်ဆိုင်သော အကြောင်း အရာများအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် တည်ရှိပြီးဖြစ်သည်။
(ခ) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူသည် ယာယီသမ္မတ၏ ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများနှင့် သမ္မတရုံးနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည်ဖြစ်သည်။
(ဂ) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူသည် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး
အမျိုးသားညီညွတ်ရေးအစိုးရ