အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် (၉/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

အမာခံသတင်းပေးပို့သူများဖိတ်ခေါ်ခြင်းဆိုင်ရာ ကြေညာချက် (၉/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လဆုတ် (၁၃)ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ  ၂၀ ရက်)

၁။​ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို‌သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  ပြည်သူ့ရင်ခွင် မခိုလှုံနိုင်‌သေးသည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စစ်ကောင်စီ ယန္တရားအတွင်း  များစွာကျန်ရှိနေပါသေးသည်။  ၎င်းတို့ထဲမှ အချို့သည် ပြည်သူနှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွက် အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်ပေါင်းများစွာ ချိတ်ဆက်ပေးပို့နေသည့် ပြည်သူ့အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ရှိနေကြပါသည်။

၂။​တော်လှန်ရေးနှင့်စစ်ရေးအရှိန် မြှင့်လာသည်နှင့်အမျှ သတင်းလိုအပ်ချက်လည်း ကြီးမားစွာ ရှိလာသည်နှင့်အတူ အမာခံသတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသည့် သူရဲကောင်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမာခံသတင်းပေးပို့သူ(ဖရဲသီး)ဖိတ်ခေါ်ခြင်း အစီအစဥ်တစ်ရပ်ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။

(က)​အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် တော်လှန်ရေးအတွက် ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

( ခ)​အမာခံသတင်းပေးပို့သူ(ဖရဲသီး)အဖြစ် ပြုလုပ်မည်ဆိုပါက ကာကွယ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ်၍ အချက်အလက်များ ဖြည့်သွင်းခြင်းကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အချက်အလက်လုံခြုံမှု ရှိစေရန် အပြည့်အဝ တာဝန်ယူ အာမခံအပ်ပါသည်။

( ဂ)​ပြည်သူ့အမာခံ သတင်းပေးပို့သူ(ဖရဲသီး) ပြုလုပ်လိုသူများအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဌာနသို့ချိတ်ဆက်ပြီး  သတင်းအချက်အလက်များ လုံခြုံစွာပေးပို့နိုင်မည့်အပြင် သတင်း အချက်အလက် အဆင့်အတန်း အပေါ်မူတည်၍ ချီးမြှင့်ငွေများကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

(ဃ)​ပြည်သူ့အမာခံ သတင်းပေးပို့သူ (ဖရဲသီး)များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှု အာမခံချက်ကို တော်လှန်ရေးကာလ အတွင်း၌လည်းကောင်း၊ တော်လှန်ရေးအလွန်ကာလ၌လည်းကောင်း ပြည့်ဝစွာ ခံစားရမည် ဖြစ်သည်။ ထို့အပြင် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ သတင်းပေးပို့သူများသည် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်၏ အကျိုးခံစားခွင့်များကိုလည်း ရရှိခံစားရမည်ဖြစ်သည်။

( င)​ထို့ကြောင့် ပြည်သူနှင့်တစ်သားတည်း ရပ်တည်နိုင်ရေးအား စစ်ကောင်စီ ယန္တရားအတွင်း မှာပင်နေ၍ လုပ်ဆောင်နိုင်မည့်အပြင် ချီးမြှင့်ငွေများလည်း ရရှိခံစားနိုင်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အကာအကွယ်ပေးမှုအာမခံချက်ကိုလည်း ရရှိမည်ဖြစ်သဖြင့် အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ကြရန် စစ်ကောင်စီယန္တရားအတွင်းရှိ အရာရှိစစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများကို တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

ဆက်သွယ်ရန် -

Telegram - http://t.me/MyanmarPeople

Facebook - https://www.facebook.com/PeoplesEmbrace

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ